Chubby Baekmaid Part-6

5.8K 940 128
                                    

Chubby Baekmaid

{Part-6}

တီးတောင်~~~

ကာတွန်းကား ကြည့်နေတုန်း တံခါးမကြီးကနေ ထွက်လာတဲ့ ဘဲလ်သံကြောင့် ဘတ်ခွန်းနီးလေး တုန်တက်သွားသည်။ အိမ်မှာလည်း သူနဲ့ Chanyeol မာမီကလွဲပြီး မရှိ။ အဖေနဲ့ Minseok နဲ့က အလုပ်သွားပြီး Chanyeol က ကျောင်းဝင်ကြေး သွားသွင်းနေသည်။ သူ့ကိုခေါ်ပေမယ့် ကာတွန်းကား ကြည့်ချင်သေးတာကြောင့် ငိုမဲ့မဲ့ဖြစ်နေ၍ ထားခဲ့ခြင်းပင်။

အခုလည်း Chanyeol မာမီက သူ့ကို ထမင်းခွံ့ ပြီး ရေဝင်ချိုးနေတာကြောင့် ဧည့်ခန်းထဲမှာ သူတစ်ယောက်တည်း။  ဘဲလ်သံကြားသည် ဆိုရင်ကို ရေချိုးခန်းတံခါးနားဆီ လုံးနေအောင် ပြေးသွားသည်။ ထို့နောက် လက်သေးသေးတုတ်တုတ်လေးနဲ့ တံခါးကို ထုပြန်သည်။

ထိုအချိန် ရေချိုးခန်းတံခါးပွင့်လာပြီး....

" ဟင်? ဘတ်ခွန်းနီး ! ကလေးလေး ဘာဖြစ်လို့လဲ ? "

မေးလိုက်တော့ လက်ညိုးဖောင်းတုတ်လေးက တံခါးကို ညွှန်ပြလာသည်။

" ဟင်?? ဘဲလ်သံက ဒီကလား ? နေဦးနော်... မာမီသွားဖွင့်လိုက်ဦးမယ် "

Mrs. Park တံခါးသွားဖွင့်ပေးတော့လည်း အနောက်ကနေ ရေချိုးဝတ်ဂါဝန်စ ကို ဆွဲပြီး လိုက်လာသည်။ သူ ဒီကို ရောက်နေတဲ့ နှစ်ပတ်လောက်မှာ ဘဲလ်သံကြားရတာ သိပ်မရှိတော့ ဝတုတ်လေးက လန့်နေတာ။

" ဟယ်....သား Sehun !!! လာ...လာ အိမ်ထဲဝင် "

Chanyeol ရဲ့ ငယ်ပေါင်းကြီးဖော် Sehun တစ်ယောက် ကျောင်းပိတ်တုန်းလေး ပြည်ပသွားနေရတာမို့ အခုမှ ဆိုးလ်ကို ပြန်ရောက်သည်။ Chanyeol ပြောပြထားလို့ ဝတုတ်လေးအကြောင်းကို သိနေပေမယ့် မမြင်ဖူးသေး။

" ဟုတ်...အန်တီ "

ရိုရိုကျိုးကျိုးလေး အိမ်ထဲဝင်လာတဲ့ Sehun တစ်ယောက် Mrs.Patk အနောက်က ကလေးလေးကို မြင်တဲ့အခါ ....

" ဒါနဲ့ အန်တီ....ဒီကလေးလေးက Chanyeol ပြောထားတဲ့ တစ်ယောက်လား ?"

" အေး...ဟုတ်တယ် သားရဲ့ , သား ခဏထိုင်ဦးနော်....အန်တီ အင်္ကျီသွားလဲမလို့ "

" ဟုတ် "

Mrs.Park အခန်းထဲဝင်သွားတဲ့အခါ သူ့အရှေ့တည့်တည့်က Sehun ကို ဖြတ်ခနဲ ခိုးကြည့်ပြီး ဆိုဖာခုံပေါ် ပြေးတက်သွားသည်။ လူစိမ်းဖြစ်နေတာမို့ ကြောက်လည်း ကြောက်သည်လေ။

Chubby Baekmaid Where stories live. Discover now