Chubby Baekmaid Part-18

3.8K 622 83
                                    

Chubby Baekmaid

{Part-18 }

Chanyeol တစ်ယောက် ပင်လယ်ဘက်ကို ကြည့်ကာ လက်ထဲက Whistle ကိုလည်း အဆက်မပြတ် မှုတ်နေသည်။ မျက်ဝန်းထဲမှာလည်း စိုးရိမ်မှုအပြည့် ....

အရင်ဆို Whistle နှစ်ခါလောက် မှုတ်လိုက်ရင်ကို အမြှီးလေး ပြပြီး တလွန့်လွန့် ကူးလာတဲ့ ကလေးငယ် ! အခုလို အချိန်အကြာကြီး အသံပေးတာတောင် ပြန်မလာတာမျိုး တစ်ခါမှ မကြုံဖူးခဲ့။

ပြန်သာမလာရင် ရေထဲထိ လိုက်ရှာဖို့ သူဝန်မလေးပါ ။ ဒါဟာ သူ့ရဲ့ မိုက်ရူးရဲဆန်ဆန် အတွေးပေမယ့် သူ့ကလေးလေးအတွက်ဆို သူ့အသက်ပင် မမှုချင်တာ သူသာ သိမည်။

၁၂ မိနစ်လောက် ဆက်တိုက် အသံပေးပေမယ့် ဘာမှ ထူးခြားမှုမရှိတဲ့ ပင်လယ်မျက်နှာပြင်ကြောင့် သူ ဒူးထောက်ကာ ထိုင်ချလိုက်သည်က မျှော်လင့်ချက်မဲ့စွာ .... မောပန်းသည်။ ဆက်တိုက် Whistle မှုတ်ထားလို့ မောပန်းတာမျိုးမဟုတ်ပဲ စိုးရိမ်ပူပန်မှုကြောင့် သူ မောပန်းသည်။

တစ်ခုခုဖြစ်တာလား ? ရေသတ္တဝါ တစ်ကောင်ကောင်ကများ သူ့ကလေးလေးကို တိုက်ခိုက်သလား ? သူ့နေရာအမှန်ကိုများ ပြန်သွားသလား ? ဆိုတဲ့ မေးခွန်းများစွာနဲ့ သူ့ရင်ကို ထိုးဆွနေလိုက်တာဟာ သားပျောက်မိခင်ကြီး တစ်ဦးလို ဖြစ်နေရသည်။

ညနေ နေဝင်ချိန်ဖြစ်၍ ပုစွန်ဆီရောင်သန်းနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ သူ့အတွက်တော့ အဓိပ္ပယ်မဲ့နေတဲ့ အမှောင်ကမ္ဘာတစ်ခုလို .....

ထိုအချိန် တစ်နေရာတည်းက ခပ်တန်းတန်း လှုပ်ရှားလာတဲ့ ရေမျက်နှာပြင်။ ရေပြင်ပေါ်ကို တစ်စ တစ်စ ထိုးထွက်လာတဲ့ စိမ်းပြာရောင် အမြှီးလေး .... ဒါ သူ့ကလေးလေး !

သူ့ ကလေးလေး ပြန်လာခဲ့ပြီ။

ဒူးထောက်နေရာက မတ်တပ်ထရပ်ကာ ကမ်းခြေဘက်ကို သူ လျှောက်သွားသည်။ မောဟိုက်နေတဲ့ ရင်ဘတ်တစ်စုံကို လစ်လျူရှုကာ ခပ်မြန်မြန် လျှောက်သွားလိုက်တာ သူ့ခြေသလုံးတစ်ဝက်အထိ ရေစိုနေပြီဖြစ်သည်။

" ဘေဘီ ... ! "

သူ့အနားကို ရောက်လာတဲ့ ဘတ်ခွန်းနီးလေးဟာ ငိုထားတဲ့ မျက်လုံးလေးတွေနဲ့သာ .... အရင်လို မျက်လုံးတောက်တောက်လေးတွေနဲ့ မဟုတ် ။
သူ ထပ်ပြီး စိတ်ပူရပြန်ပြီ။

Chubby Baekmaid Where stories live. Discover now