Chubby Baekmaid Part-9

5K 895 35
                                    

Chubby Baekmaid

{Part-9}

ကျောင်းက အမောတကြီး ပြန်လာတဲ့အချိန်လေး ချစ်ရသူကို မြင်တွေ့ရတာ ဘယ်လောက်ကံကောင်းလဲ။

တတိယနှစ် စတက်နေရပြီဖြစ်တဲ့ Chanyeol လေးတစ်ယောက် ကျောင်းကနေ ပြန်လာပြီး အိပ်မောကျနေတဲ့ သူ့ကလေးလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်။

၆ နှစ်လောက်ဖြစ်လာပြီမို့ အရပ်လေးလည်း ပိုရှည်လာသလို ဗလလေးလည်း ပိုထွက်လာသည်။ ဗိုက်လေးကတော့ ပူမြဲပင်။

လက်သည်းလေးတွေရှည်နေပြီမို့ သူအိပ်နေတုန်းလေး လက်သည်းညှပ်ပေးရသည်။ လက်ဖောင်းဖောင်းတုတ်တုတ်လေးတွေကိုလည်း အသည်းယားလွန်းစွာနဲ့ တဖွဖွ နမ်းနေသေးသည်။

စာကြည့်တိုက်ကနေ ပြန်လာတာ နောက်ကျတာမို့ အခု 9 နာရီထိုးနေတဲ့အခါ သူအိပ်မောကျနေပြီလေ။

ဒေါက်~~ဒေါက်

သူဖွထားတဲ့ ကစားစရာတွေ လိုက်သိမ်းနေတုန်း တံခါးခေါက်သံကြားတာကြောင့် သွားဖွင့်ပေးလိုက်တော့ Hyung

" အားလား? Chanyeol.....စကားခဏပြောရအောင် "

" ဟုတ်....လာခဲ့မယ်လေ Hyung "

သိမ်းစရာရှိတာ လက်စသတ်ပြီး အခန်းပြင်ထွက်သွားတော့ မီးဖိုချောင်ထဲမှာ မက်ဂျူနှစ်ပုလင်းနဲ့ ထိုင်နေတဲ့ hyung

" စိတ်ညစ်စရာရှိလို့လား ? Hyung "

" မရှိပါဘူးကွာ....ငါ့ ညီလေးနဲ့ စကားမပြောရတာကြာလို့ပါ "

မက်ဂျူတစ်ပုလင်းကို အဖုံးဖွင့်ပေးကာ Chanyeol အရှေ့ တိုးပေးလိုက်တဲ့ Minseok

သုံးမိနစ်လောက်ကြာတော့မှ.....

"ဘတ်ခွန်းနီးကို ကျောင်းထားဖို့ အရွယ်ရောက်နေပြီလို့ မထင်ဘူးလား Chanyeol ? "

သူမေးတာကို မဖြေပဲ မက်ဂျူ နှစ်ငုံလောက် ဆက်တိုက်မော့ချနေတဲ့ ညီဖြစ်သူကို Minseok တကယ်ပင် စိတ်မရှည်ချင်။

" Chanyeol ...."

စိုးရိမ်စရာတွေများတယ်ဆိုတဲ့အကြောင်း Hyung ကို ပြောပြလိုက်ရမလား?
ဘေဘီကရောတခြားကလေးတွေနဲ့ အဆင်ပြေပြေနေနိုင်ပါ့မလား ?
ရေသူထီးလေးဆိုတာများ သိသွားရင် ဘာတွေဆက်ဖြစ်မလဲ ?
ဒီလို အတွေးပေါင်း မေးခွန်းပေါင်းများစွာကြောင့် သူ့မှာ ရတက်မအေးရတာကိုရော ဘယ်သူ့ဆီ ရင်ဖွင့်ရမလဲ ?

Chubby Baekmaid Where stories live. Discover now