Chubby Baekmaid Part-17

3.2K 659 47
                                    

Chubby Baekmaid

{Part-17}

နွေဦးရာသီ ဖြစ်တာနဲ့အညီ နေရောင်ခြည်က ပေးတဲ့ အပူသည် မပူပြင်းပဲ နွေးထွေးနေသည်။ ဆောင်းလေ မပျယ်သေးသည်မို့ ပင်လယ်ဘက်က လာတဲ့ လေဟာ လတ်ဆတ်မှုနဲ့ အေးချမ်းမှု လည်း ရသည်။ Chanyeol တို့ ကမ်းခြေရောက်လာတဲ့အခါ နေ့လည် သုံးနာရီ ဖြစ်နေပြီ။

သို့သော် သတို့သမီးလောင်း က ပင်ပန်းလို့ အနားယူချင်တာကြောင့် မနက်ဖြန် မနက်မှသာ ဓာတ်ပုံ စရိုက်ရမည်ဖြစ်သည်။ မနက်ပိုင်း တစ်ချိန်နှင့် ညနေ နေဝင်ဆည်းဆာအချိန်ကို အဓိက ထားရိုက်ချင်ကြတာ ဖြစ်သည်။

ဘတ်ခွန်းနီးလေး ရောက်လာပြီးတော့မှ Chanyeol ကမ်းခြေကို အခေါက်ပေါင်းမနည်း ရောက်ခဲ့သည်။ သို့သော် ယခုအခါလို စိတ်ထဲ လေးလံမနေခဲ့။

ဟိုတယ်အခန်းထဲ ဝင်ကာ ပစ္စည်းတွေ နေရာချနေလေတော့ ဝတုတ်လေးဟာ အငြိမ်မနေ။ အပေါ်ကနေ ဂျက် ထိုးထားတဲ့ ဝရန်တာ တံခါးကိုဖွင့်ဖို့လည်း မမှီတာကြောင့် ခုန်ဆွခုန်ဆွနဲ့ အင်း အဲ လုပ်နေသည်။

" ဘေဘီ ..... အရိပ်ထဲဝင်လိုက် အပြင်ထွက်လိုက် မလုပ်ရဘူးလေ !! ဖျားမှာပေါ့ "

အနောက်ကနေ လှမ်းပြောလိုက်တော့ ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ အိတုန်လေး ဘတ်ခွန်းနီးက လှည့်ကြည့်လာသည်။ ထို့နောက် သွားလေးတွေ ပေါ်အောင် ဟီး ခနဲ ရယ်ရင်း မတ်တပ်ရပ်နေတဲ့ Chanyeol ကိုယ်ပေါ် စွေ့ခနဲ ခုန်တက်လိုက်သည်။

အခုဆို ကလေးလေးတွေလို ခွချီခံထားရတဲ့ ဘတ်ခွန်းနီးလေး..... Chanyeol လည်ပင်းတွေကိုလည်း လက်တုတ်တုတ်လေးတွေနဲ့ ဖက်ထားကာ မျက်နှာလေးကလည်း Chanyeol လည်ပင်းနားတစ်ဝိုက်မှာ ဝေ့သီလို့.....!

" ဘာလိုချင်လဲ ဘေဘီ .... ကိုကို့ကို ချွဲနေတာ "

ပေါင်တုတ်တုတ်လေးကနေ တဆင့် ဖင်တုန်လေးကိုပါ ထိန်းကိုင်ပေးထားတဲ့ Chanyeol ဟာ ကလေးလေးတွေကို ချော့မြူနေတဲ့အတိုင်း အခန်းထဲမှာ ဟိုဘက် ဒီဘက် လျှောက်လျက် စကားပြောပေးနေသည်။

" ကိုကို..."

" ဗျာ့ .... "

" ဘတ်ခွန်းနီးကို ရေထဲ လိုက်ပို့ "

Chubby Baekmaid Where stories live. Discover now