Chubby Baekmaid Part-12

4.5K 850 76
                                    

Chubby Baekmaid

{Part-12}

ပင်​လယ်​က လှိုင်းရိုက်​သံရယ်​ ​ကျေးငှက်​​လေး​တွေ ​တွန်​ကျူး​တေးဆိုသံ​တွေရယ်​တို့ နှင့်​ ပြည့်​စုံ​နေတဲ့ နံနက်​ခင်း.....
ကုတင်​ဖြူ ဖြူ ထက်​မှာ​တော့ ​ခေါင်းချင်းဆိုင်​ပြီး အိပ်​​မောကျ​နေကြတဲ့ ဝတုတ်​​လေးနဲ့ Chanyeol....

ထိုအချိန်​ ဝတုတ်​​လေး နိုးလာသည်​။ ဝါးခနဲ သန်းရင်း သူ့မျက်​စိ​ရှေ့က အိပ်​​ပျော်​​နေတဲ့ Chanyeol ကို ​ငေးကြည့်​​နေသည်​။ ထို့​နောက်​ လက်​​ဖောင်း​ဖောင်း​လေးက Chanyeol ပါး​လေးကို သွားထိပြန်​သည်​။

"ခ်​ခ်​.....ပိုပို ! "

ပါးကို သွားမထိပါပဲ ​နေရာက​နေသာ နှုတ်​ခမ်းဆူ မျက်​လုံးမှိတ်​ပြီး ပိုပိုလုပ်​​နေတာ​​လေးက အသည်းယားစရာ ။

"အဲ...!"

ရုတ်​တရက်​ မျက်​လုံးဖွင့်​လာတဲ့ Chanyeol ​ကြောင့်​ လန့်​သွားရ​သေးသည်​။

"အ​စောကြီး နိုး​နေတာလား ​ဘေဘီ ?"

" ဘတ်​ခွန်းနီးက ခုနကမှ နိုးတာ ချာညိုး ! ဘတ်​ခွန်းနီး ဘာမှလုပ်​ဘူး !"

သူ့က​လေး​လေး ရှက်​သွားတာ သိသည်​မို့ ​ပုခုံးနဲ့ ဖင်​လုံး​လေးက​နေ ထိန်းကာ ရင်​ခွင်​ထဲထည့်​လိုက်​သည်​။ ရင်​ခွင်​ထဲ​ရောက်​သွားတဲ့ ဝတုတ်​လုံး​လေးဟာလည်း ပြန်​လည်​ဖက်​တွယ်​လာ​ပေမယ့်​ လက်​​သေး​သေး​လေး​တွေက Chanyeol ​ကျောထိမမှီ။ ​လေထဲမှာတင်​ ကားယား​လေး ဖြစ်​​နေတဲ့ လက်​တုတ်​တုတ်​​လေး ><

" ဒီ​နေ့ ဓာတ်​ပုံရိုက်​မလား ​ဘေဘီ ? အလင်း​ရောင်​ ​ကောင်းတယ်​ "

" အွန်း...အွန်း "

" အင်း...ဒါဆို ထ ရ​အောင်​​နော်​ , ​ဘေဘီ ဗိုက်​ဆာ​နေပြီမလား ?"

" ချာညိုး ချီ " ဆိုကာ ပက်​လက်​​လေးလှန်​ပြီး လက်​​လေးဆန့်​​ပေးလာသည်​။ ဒီက​လေး​လေးဟာ သူ့ကို ဘယ်​လိုပြုစားရမလဲ အတပ်​သိ​နေသည်​​လေ....

" Aigoo...အချွဲ​လေး !! လာ... ကိုယ်​ ​ရေပါချိုး​ပေးမယ်​​နော်​ " ဆိုကာ ​ရေချိုးခန်းထဲ ​ချီသွားသည်​။ ​သေချာတာ​တော့ " သူ့ရှက်​ရှက်​ကို ကြည့်​နဲ့ " ဆိုတဲ့ အသံ​လေး ကြားရဦးမှာပင်​။

Chubby Baekmaid Where stories live. Discover now