Chubby Baekmaid Part-4

5.4K 824 85
                                    

Chubby Baekmaid

{Part-4}

ညနေဘက် နေဝင်ချိန်လေးဖြစ်သည်။
Chanyeol လေ့လာစရာ များနေတာကြောင့် အခန်းထဲဝင်ပြီး စာဖတ်နေတဲ့ အချိန်လည်း ဖြစ်သည်။ အခန်းအပြင်က ဧည့်ခန်းမှာတော့ မုန့်ပေါင်းများစွာ ခြံရံပြီး မိန့်မိန့်ကြီးထိုင်ကာ ကဗျာလိုက်နားထောင်နေတဲ့ ဝတုတ်လေး။

ဆိုဖာခုံတွေကြားထဲ မြုပ်နေတဲ့ လုံးတုတ်ခန္ဓာကိုယ်လေးဟာ ကဗျာသီချင်းတွေရဲ့ စည်းချက်အတိုင်း လှုပ်ရွနေသေးတယ်။ ဘာသာစကား သင်ယူတတ်မြောက်ဖို့ Chanyeol က  ကဗျာတွေ ကာတွန်းကားတွေ အချိန်ပြည့် ဖွင့်ထားပေးတဲ့အခါ ထမင်းလည်းမစား ရေလည်းမချိုးပါပဲ ပေတေပြီး ကြည့်နေတတ်တယ်။ ထိုအခါ Chanyeol အမေက ထမင်းခွံ့ ကျွေးတတ်သလို Chanyeol ကပဲ ရေချိုးပေးရသည်။

သူကိုယ်တိုင်မှ ရေမချိုးပေးရင်လည်း မဖြစ်ဘူးမလား။ ခြေသလုံးလောက်ထိ ရေမြုပ်သွားရင်ကို အစိမ်းရောင် ကြေးခွံအမြှီးပေါ်လာတတ်တာသည်လေ။ ရေကြိုက်တဲ့ ရေသူထီးလေးပေမယ့် ရေထဲမှာ နေဖို့တော့ ခဏခဏ မပူဆာပေ။ မချိုးလို့တောင် ခက်နေသေးသည်။

" ဘေဘီ..... အများကြီးစားနေရင် ထမင်းမစားနိုင်ဘူးနော် "

Chanyeol အခန်းထဲမှ ထွက်လာကာ ကဗျာထဲက စီးချက်အတိုင်း လှုပ်ရွနေတဲ့ ဝတုတ်လေး ဘေးမှာ ဝင်ထိုင်ကာ ထိုသို့  ပြောလိုက်တော့ ......

" ဟွန်...."

သူ့ကို မျက်နှာငယ်လေးနဲ့ ပြန်ကြည့်လာကာ လက်ထဲက နွားနို့ဗူးကို သူ့ပေါင်ပေါ် တင်လာပေးသည်။ သောက်ချင်ပေမယ့် သူမသောက်တော့ဘူး ဆိုတဲ့ သဘောပေါ့လေ။

Chanyeol အသည်းယားလွန်းလို့ ဝတုတ်လေးကို ရင်ခွင်ထဲထည့်ကာ ကောက်ချီလိုက်ပြီး အခန်းထဲ ခေါ်သွားသည်။

ဒီကိုရောက်နေတာ လေးရက်ပေမယ့် ဒီကလေးလေးဟာ သိပ်ကို ဉာဏ်ကောင်းလွန်းသည်။ အခုလေးတင် ဖတ်လာတဲ့ စာအုပ်မှာတော့ သူတွေ့ခဲ့ပါသည်။ ရေသူထီးတွေ ရေသူမတွေရဲ့ Intelligent Quotient (IQ ) ဟာ လူတွေရဲ့ IQ နဲ့ တူတာလည်း ရှိသလို ပိုတာလည်း ရှိသည်ဟုဆိုသည်။

သင်ယူသမျှ တတ်မြောက်လွယ်ပြီး သူ့စကားတွေဆို တော်တော်များများ နားလည်နေပြီလည်းဖြစ်သည်။ စကားလေးတွေလည်း တစ်လုံးစ နှစ်လုံးစ ပြန်ပြောနေတတ်ပြီ။ ထိုအချိန်တိုင်း အသည်းနင့်မတတ် ငုံထားချင်နေတဲ့သူဟာလည်း Chanyeol ပဲဖြစ်သည်။

Chubby Baekmaid Where stories live. Discover now