Ep 3 : Main (Z + U)

6.6K 932 36
                                    

(Zaw)

လက်ထဲက Invitation card ကို
ဘယ်ပြန်ညာပြန် ကြည့်ပြီး B စိတ်လှုပ်ရှားနေသည်။

ပြောရရင် B မသွားချင်ဘူး
ဒီလိုတွေ သွားနေခြင်းက
B အတွက် ပိုကောင်းတာရမလာခဲ့ဘူး

B တောင်းပန်ပါတယ် Mr.Park ....

ရှေ့က စားပွဲပေါ် card ကို ပစ်ချလိုက်ပြီး
ဂါဝန်ရှည်ကြီးတွေက B ဆွဲခေါ်ရာသို့
တရွတ်တိုက်ပါလာသည်။

ခြေချောင်းလှလှလေးတွေက ရေကန်ထဲ
ခြေချလိုက်ချိန်မှာ B လန်းဆန်းသွားသလို
ခံစားရသည်။

တိမ်တိမ်လေးသာ ရှိသော ရေကန်ထဲ
ထိုင်ချလိုက်ပြီး စိမ်နေလိုက်သည်။

B ငြိမ်ငြိမ်လေးထိုင်နေတာကြာတော့
ရေတွေက တည်ငြိမ်သွားသည်။
ရေပြင်ပေါ်မှာ B မျက်နှာ က ထင်ဟပ်နေသည်။

B မျက်ရည်စီးကြောင်းအတိုင်း ဆေးအမဲတွေပါ
စီးကျလာသည်။

B ဒီအကြောင်းစဉ်းစားမိတိုင်း
အမြဲ ဝမ်းနည်းသည် အမြဲ စိတ်တိုသည်
အမြဲ......ကြောက်သည်။

B မှာ အခု ဘယ်သူမှ မရှိတော့ဘူး....
အရင်က B ကို ဘယ်သူမှ မမှတ်မိတော့ဘူး

အချစ်ဆိုတာကြီးက ကြောက်ဖို့ကောင်းလိုက်တာ...
B ကိုမှ ဘာလို့ ဒီလို ဖြစ်ရတာလဲ....
B ဘာများ လုပ်ခဲ့မိလို့လဲ....

"ဟင့်.အင်း...အင့်..."

B ဒူးထောင်ပြီး လက်နဲ့ ပိုက်ကာ ရှိုက်ငိုသည်။
ရေတွေက ဟိုပြေးဒီပြေးနဲ့ ရိုက်ခတ်သံတွေ
ကျယ်လောင်လာခြင်းနဲ့ အတူ ရှိုက်သံတွေပါ
အလိုလို ကျယ်လာသည်။

B နားတွေကို ပိတ်ပြီး အော်ငိုသည်။
မျက်နှာကြီးကို စိတ်ထဲရှိတဲ့ အတိုင်း
စုတ်ဖြဲပစ်ချင်သည်။ ဆံပင်တွေ ကို ဆွဲဆောင့်ပြီး
ရေတွေကို အားနဲ့ ရိုက်သည်။

ဒေါသစိတ်နဲ့ တုန်ယင်နေတဲ့ B အတွက်
ဒါက ဖြစ်နေကျ ဖြစ်စဉ်တခု ။

ရေထဲကို လှဲအိပ်လိုက်ပြီး
စိတ်ထွက်ပေါက်ရှာသည်။

B နဲ့ အဆင်အပြေဆုံးနေရာက
ဘယ်မှာများလဲ.... တမလွန်မှာများ ရှိမလားပေါ့...

ထွက်ပေါက်တွေကို တစ်ဆင့်ခြင်းစီ ဖွင့်ပြီး
ထွက်သည်။ မျက်လုံးထဲ မြင်သမျှ အပေါက်တိုင်း
က ရအောင်ထွက်သည်။

Mr.Potato Head {COMPLETED}Where stories live. Discover now