Ep 15 : Honeymoon part 1(Z + U)

5.7K 710 110
                                    

(Zaw)

"Baby တခုခုစားပါလား"

Airport မှာအချိန်စောတုန်း ကားထဲမှာခနထိုင်
နေကြသည်။ B ကစိတ်ခံစားချက်သိပ်မကောင်း
တာမို့ နေမကောင်းချင်ဖြစ်နေတာနဲ့ Loey ရင်ခွင်
ထဲက မထွက်ပဲ ခေါင်းခါပြသည်။

Loey က B ဆံပင်တွေကို လက်နဲ့အသာ
ပွတ်ပေးရင်း ငယ်ထိပ်ကို ငုံ့နမ်းသည်။
အောက်ကို ခေါင်းငိုက်စိုက်ထားတဲ့ B ကို
မေးစေ့ကနေ မော့တော့ အလိုက်သင့်လေးပါ
လာသည်။

"ကိုယ့် Baby  လေးက နေမကောင်းချင်ဘူးလား
ဟင်... ဘယ်လိုဖြစ်နေလို့လဲ "

စူပုတ်ကာ ပိတ်နေတဲ့နှုတ်ခမ်းကို ဖိကပ်နမ်းပြီး
ပြောတော့ ရှုံ့မဲ့ကာ ငြိမ်နေပြန်သည်။
ရင်ခွင်ထဲကထွက်ပြီး Loey ခြေထောက်တွေပေါ်
ခြေဆင်းကာ ကုတ်ကုတ်ကလေးထိုင်ပြီး ရှုံ့မဲ့ကာ
ခေါင်းမော့ထားပုံကို ကြည့်ပြီး Loey ပြုံးစိစိဖြစ်
နေသည်။

အချိန်အတော်ကြာ လေယာဉ်စီးပြီးမှ America
ကို ခြေချရတော့သည်။ နေရာအသစ်ကိုရောက်
တော့စိတ်တွေကြည်လာတယ်ထင်ပါရဲ့....
မျက်နှာလေးတော့ နည်းနည်းလန်းလာသည်။

လေယာဉ်ပေါ်မှာတုန်းက ကိုယ်တွေပူလာတာမို့
B အတွက် ရေပတ်တိုက်ပေးပြီး တခုခုချော့ကျွေးရတာနဲ့ ဆေးတိုက်ရသည်မို့ Loey နားကိုမနားခဲ့ရ။

အခုတော့ တော်ပါသေးရဲ့....

ညအထိနေမကောင်းလို့ မဖြစ်သင့်ဘူးလေ...

အသင့်လာကြိုတဲ့ ကားနဲ့ကို သွားရမယ့်
ပင်လယ်က ဝေးသေးတာမို့ ကားကထပ်စီးရပြန်
သည်။

လွန်ခဲ့တဲ့ ၂နာရီလောက်က ဖျားနေတဲ့ B နဲ့
လားလားမျှမဆိုင် အခု Loey ဘေးက B က
လက်ထဲမှာ ရေခဲမုန့်ဘူးကြီးနဲ့ ဇာတ်လမ်းကြည့်
ရင်း အော်ဟစ်ရယ်ကာ စားနေသည်။

ဇာတ်လမ်းထဲမှာ ရယ်စရာလေးများပါလိုက်ရင်
Loey ကို လှမ်းလှမ်းရိုက်လိုက်ရတာအမော...။

သူ့အသားနာမှာစိုးလို့ Loey ကို ရိုက်ရတာပါ
သူရိုက်ချင်လို့ ရိုက်တာမဟုတ်ပါဘူးဆိုတဲ့
အကြောင်းတော့ ပြောရှာသည်။

ကားပေါ်မှာ ၂ယောက်ထဲ လွတ်လွတ်လပ်လပ်
ရှိနေပေမယ့်လဲ B က Loey ကို ဂရုမစိုက်ပဲ
ဇာတ်လမ်းကြည့်ပြီးသာ အချိန်ကုန်နေသည်မို့
Loey ပျင်းလာသည်။

Mr.Potato Head {COMPLETED}Where stories live. Discover now