(Zaw)
Tsk tsk tsk
သစ်သားနာရီ ရွေ့လျားသံ လေးက အခန်းလေးထဲ ပျုံ့နှံ့လို့.....
ဘိုမ ရုပ်အတွက် ပြင်ဆင်ပေးထားသော
သစ်သားအိမ် သေးသေးလေးရဲ့ ဘေးတွင်
ခုံပေါ်မှာ ထိုင်ကာ coffee သောက်နေသော
ဘိုမ ရုပ်လေးကို ဒူးလေးထောင်ကာ
B ကြည့်နေသည်။Coffee သောက်ချိန်ပြည့်ပြီမို့ ဘိုမရုပ်ကို
ယူ ကာ သူ့အိမ်လေးထဲ ပို့ပေးလိုက်သည်။*ဒေါက် ဒေါက် *
အခန်းတံခါး လာခေါက်သံကြောင့် B
အပြင်ထွက်လိုက်သည်။"လက်ဆောင်ရောက်လို့ပါ Mr.Byun"
ထိုအိမ်ဖော်မလေး လက်ထဲက လက်ဆောင်ဘူးကို
ယူပြီး အခန်းထဲဝင်ခဲ့လိုက်သည်။ထုံစံအတိုင်း စာတိုလေးနဲ့ .....
* ပျင်းနေ မှာ စိုးလို့ *
စာဖတ်ပြီး B နှာခေါင်းရှုံ့လိုက်သည်။
ဘူးကို ဖွင့်တော့ နောက်ထပ် ဘိုမရုပ်1set....
မပျင်းမရိ ဘိုမရုပ်အတွက် B အိမ်ထိုင်လုပ်နေ
လိုက်သည်။ ကိုယ်လိုချင်တဲ့အိမ်ပုံစံ ရမှ အရုပ်၏
အပိုပါလာတဲ့ အင်္ကျီတွေကို ဗီရို သေးသေးလေးထဲ
တုတ်ကလေးနဲ့ ထည့်ရသည်။အကုန်ပြင်ဆင်ပြီးတော့ B တခန်းလုံးကို
လှည့်ကြည့်လိုက်သည်။တစ်လ.... တစ်လ အတွင်းမှာ ဒီအခန်းတောင်
အရုပ်တွေနဲ့ ပြည့်နေခဲ့ပြီ...။
တိတိကျကျပြောရရင် Loey လက်ဆောင်ပေးသော
အရုပ်တွေ တစ်ခန်းလုံးပြည့်နေပြီ။တစ်လ အတွင်းမှာ B စိတ်တွေလဲ
နည်းနည်းပြောင်းလဲ နေပြီ....။တနေ့တနေ့ သူ့ဆီကရောက်လာမယ့်
လက်ဆောင်တွေထဲက စာတိုတွေကိုသာ
အခန်းပြတင်းပေါက်ကမျှော်နေတတ်ပြီ.....။ညနေတိုင်း ခြံထဲက နှင်းဆီနီတွေကို
သတိရတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့်
ရောက်လာတတ်သော သူ့ကို
ညှိုးနေသော အရွက်တွေကို ခြွေချပြီး
ပြည့်စုံသွားသောနှင်းဆီနီတွေနဲ့ အတူ
စောင့်မျှော်နေတတ်ပြီ....။ညအိပ်ချိန်မှာ ဆေးလိပ်တွေသိပ်မသောက်ဖို့
လှမ်းသတိပေးတဲအ့ခါတိုင်း တုန်ခါနေကြ
ဖုန်းလေးကိုလဲ အရေးလုပ်တတ်ပြီ.....။
YOU ARE READING
Mr.Potato Head {COMPLETED}
RomanceEven if you're ugly , I adore your face . Don't worry baby ! So, trust me and kiss me.!!