Ep 14 : Take My Hand (Z + U)

5.5K 801 103
                                    

(Zaw)

လက်ကြားထဲမှာ သိသိသာသာလှုပ်ရွနေသော
အရာကြောင့် Loey မျက်လုံးတွေ အသာရွေ့လျား
လိုက်သည်။

နူးနူးညံ့ညံ့ နဲ့ ထိုအရာက ယားသည်။
လက်ချောင်းတွေနဲ့ ခပ်ဖွဖွ စမ်းကြည့်တော့မှ
နူးညံ့နေသော ဆံနွယ်တွေ....

မျက်လုံးတွေကို မဖွင့်ပဲ သဘောတကျပြုံးမိသည်။
ခပ်ရေးရေးမြင်နေရတဲ့ မျက်နှာလေး...
အနားတိုးကပ်ကာ နားထင်လေးကို အသံထွက်
အောင်ဖိကပ်နမ်းလိုက်သည်။

Loey က မှောက်အိပ်နေတာဖြစ်ပြီး Loey
လက်မောင်းကြားထဲမှာ B လည်ပင်း က ဆွဲဖက်
ထားခံရသလို ဖြစ်နေတာကြောင့် B နေရခက်
ပေမယ့်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

နောက် နှစ်ရက် နေရင် မင်းကကိုယ့်အပိုင်ဖြစ်တော့
မယ်တဲ့လား.....ဟား.....မယုံနိုင်စရာပဲ...

Baby ရေ... ကိုယ်.....အရမ်း....

"ကျေးဇူးပါ B ကျေးဇူးတင်ပါတယ်"

ခါးတွေကို ပိုတိုးဖက်လိုက်ပြီး နှဖူးထက်ကို
ခနခန နမ်းလာတာမို့ B နိုးလာသည်။
B က ရုတ်တရက်ကြီး ဘာဖြစ်မှန်းမသိပေမယ့် Loey ရဲ့ခပ်တိုးတိုး ကျေးဇူးတင်စကားကို
နားလည်သလိုပြုံးသည် ။

B ရဲ့ လက်တွေက Loey ကျောပြင်ကို ပြန်ဖက်
တွယ်လိုက်ပြီး ဘယ်ဘက်ရင်အုံ ကို ခေါင်းအသာ
ကြွကာ လှမ်းနမ်းလိုက်သည်။

"I love You Darling "

"မင်းကွာ...."

Loey တကယ်ပဲ မျက်ရည်တွေကျလာသည်။
ကိုယ့် မှာ သူ့ကို ချစ်တယ် ကလွဲပြီး
ဘာမှ မပြောနိုင်ဘူး....

ချစ်တယ် ဆိုတာထက် ပိုလေးနက်တဲ့စကားရှိရင်
မင်းကို ကိုယ် ပြောချင်သေးတာ.....

B က Loey ကိုကြည့်ပြီး ရယ်သည်။
တဖက်သားကို လှောင်ချင်လို့ မဟုတ်ပဲ
ကိုယ့်ကိုကိုယ် ဂုဏ်ယူလို့.....

ဒီလို အမျိုးသားကို ရဖို့ တွေးတောင်မတွေးခဲ့ဖူးဘူး..
B တကယ်ကို ကံကောင်းခဲ့ပါတယ်...
Loey က B ကို တကယ်ပဲ ပိုချစ်နိုင်ခဲ့တယ် ။

တစိမ့်စိမ့်ထိုင်ကြည့်နေရင်းကို အချစ်တွေ
တိုးလာတယ်.....

Mr.Potato Head {COMPLETED}Where stories live. Discover now