Ep 23 : Play Date (Z + U)

4.7K 580 80
                                    

(Zaw)

တဖျောက်ဖျောက်ကျနေတဲ့ မိုးစက်တွေကို
ပြတင်းပေါက်က လှမ်းကြည့်ပြီး ဖတ်လက်စ
သတင်းစာကို ချကာ အခန်းထဲက ထွက်ခဲ့သည်။

သင်းပျံ့ပျံ့ အနံ့ကြောင့် အိပ်ခန်းထဲဝင်မယ့်
ခြေလှမ်းတွေက အောက်ထပ်က မီးဖိုခန်းကို
လှည့်လိုက်သည်။

ဓားကိုလက်နှစ်ချောင်းနဲ့ လှည့်ပြီး စားပွဲပေါ်
တစောင်းထိုင်ကာ B က ပန်းကန်ထဲက ကွတ်ကီး
တွေကို ငုံ့ကြည့်နေသည်။

"အခုတလော B ရဲ့စိတ်ဝင်စားမှု့က အခန်းထဲက laptop တလုံးမဟုတ်တော့ပဲ ဒီကွတ်ကီးတွေ
ဖြစ်နေပြီလား"

B အနားကို တိုးသွားပြီး Loey က ပန်းကန်ထဲက လူရုပ်ပုံစံ ကွတ်ကီးကို လက်နဲ့ကိုင်ကာ
မေးလိုက်သည်။

B က မျက်ခုံးပင့်ပြီး ပါးကိုတချက်လှမ်းနမ်းသည်။

"ခင်များ သိရင်လာကူညီသင့်တယ်...အခုရောက် လာလက်စနဲ့ ကူညီလိုက်ပါလား ဘယ်လိုအရသာ
ရှိလဲ..."

Loey က မျက်စောင်းထိုးကာကြည်ပြီး လူရုပ်ပုံစံ
ကွတ်ကီးကို ခေါင်းကနေလည်ပင်းထိ ကိုက်လိုက်
သည်။အရသာ ကို သိရပြီးနောက်မှာ Loey က
မသိမသာပြုံးလိုက်သည်။

"Do you like my cookies? They're made just for you..."

ဓား ထိပ်ချွန်ချွန်နဲ့ Loey ရင်ဘက်က အဖြူရောင်
အင်္ကျီစကို ထိုးကလိကာ ပြောလာသည်။
Loey က B လုပ်သမျှလိုက်ကြည့်ပြီး ပြုံးနေသည်။

"ဒါဆို သကြားနည်းပြီး အဆိပ်များမယ့်ပုံပဲနော်"

"Bingo...."

B က wink လုပ်ပြပြီး ဓားမှာကပ်နေတဲ့ယိုတွေကို လျှာနဲ့ လျပ်လိုက်သည်။ ပြီးမှ ဓားကို ဘေးမှာချကာ Loey ခါးပေါ် ခြေထောက်တွေ ချိတ်လိုက်သည်။

"ညနေ တခေါက်ထပ်စားရမယ်နော်
Loey အတွက် သီးသန့် Milk and cookies"

စားပွဲပေါ်ကို လက်ညှိုးထိုးပြလာတော့ Loey က
ပြုံးပြီး ခေါင်းငြိမ့်ကာ B ကို အခန်းထဲ ချီမသွားသည်။

စူးစူးဝါးဝါး မြည်လာတဲ့ phသံကြောင့် အမြန်ထ
ပိတ်လိုက်ရသည်။ ဘေးမှာ အိပ်မောကျနေတဲ့ B
ကတော့ မသိတာမို့ ph ယူပြီး အပြင်ထွက်ကာ
ဧည့်ခန်းမှာသာထိုင်လိုက်သည်။

Mr.Potato Head {COMPLETED}Where stories live. Discover now