Ep 8 : Because (Z + U)

5.9K 808 44
                                    

(Zaw)

Loey ရေချိုးပြီးထွက်လာတာမြင်တော့
စောင်ပုံထဲကB က အိပ်ချင်မူးတူးနဲ့ စူပုတ်ပုတ်
ကြည့်လာသည်။Loey မသိမသာပြုံးပြီး
ဗီရိုနက်ကြီးထဲက suit တစ်ထည်ထုတ်လိုက်သည်။

"B ညက အိပ်မက်ယောင်ပြီး ညည်းနေတယ်နော်"

ဘောင်းဘီဝတ်ရင်းမေးလာသော Loey မေးခွန်း
ကြောင့်B မျက်လုံးလေးပြူးသွားသည်။

"B ! B ကလား....B အဲ့လိုမအော်ဖူးပါဘူး "

ဟောက် တယ်လို့ ပြောတာထင်သွားလား မသိ။
မတ်တပ်တောင် ထရပ်နေပြီဖြစ်သော B ရှေ့သို့
Loey တိုးကပ်ကာ necktie ကို ထိုးပေးလိုက်
သည်။

စူပုတ်ပုတ်လေးနဲ့ လက်သွယ်သွယ်က necktie
ကိုတဖက် သူ့ရင်ဘက်ပေါ်ကို တဖက် စုတ်ကိုင် ထားသည်။

"ဒီအတိုင်း ညည်းတယ်ပြောတာပါ
ဟောက်နေတယ်လို့မပြောပါဘူး"

"ဟင့်အင်း B အဲ့လို မဟောက်တတ်ပါဘူး"

စူထော်လန်ကာ ပြန်ပြောနေတဲ့ နှုတ်ခမ်းချွန်ချွန်
လေးကိုအသဲတယားယားနဲ့ ကြည့်မိတာနဲ့တင်
ဆာလောင်လာတဲ့ နှုတ်ခမ်းကြောင့် လက်နှစ်ဖက် က ပါးကို ဖိကိုင်ကာ ခပ်ပြင်းပြင်းဖိကပ်
နမ်းမိတော့သည်။

Loey Park ကို မတည်ငြိမ်အောင် လုပ်နိုင်တဲ့
တစ်ဦးတည်းသော.....

"onnnn....st...stop....!"

Loey ရပ်လိုက်ချိန်မှာ သူတို့နှစ်ယောက်လုံး
ကုတင်ပေါ်ရောက်နေပြီး Loey လက်တွေက
B ရဲ့ ဂါဝန်နုနုကို ဆွဲဖြဲလျက်....။

Loey မျက်ခုံးပင့်ကာ အံ့ဩမိပြီး B ကို ကြည့်တော့
သူ့အင်္ကျီပြဲသွားလို့ စူပုတ်နေပြန်သည်။

"sor....sorry....a humm...."

Loey အမြန်ပြန်ထပြီး အင်္ကျီကိုပြင်ကာ
အောက်ထပ်မြန်မြန်ဆင်းခဲ့ရသည်။

ကားပေါ်ရောက်တာနဲ့ အောင့်နေသော
အောက်ပိုင်းကို ဖြေပြီး မောပန်းစွာနားမိသည်။

"shit!!! နမ်းရုံလေးနဲ့ ငါ့ကို!!! Huuu...
မင်းက မလွယ်လိုက်တာ B ရာ!! "

သဘောတကျ ရေရွတ်ရင်း စီယာတိုင်ကို
လက်တဖက်နဲ့လှည့်ကာထွက်ခဲ့တော့သည်။

Mr.Potato Head {COMPLETED}Where stories live. Discover now