Ep 7 : This is me (Z + U)

6.6K 903 67
                                    

(Zaw)

Loey တနေ့ကုန် နှင်းဆီခြံထဲ ရေလောင်း
အရွက်တွေ ခြွေနေတာနဲ့ အချိန်ကုန်နေတာ
အပြင်ထွက်လာပြန်တော့လဲ B ကမရှိတာကြောင့်
သူ စိတ်ညစ်သွားသည်။

ခုံပေါ် စိတ်ပျက်လက်ပျက်ထိုင်ရင်း
သူ တွေ့တဲ့ ကောင်မလေးတယောက်ကို
လှမ်းခေါ်လိုက်သည်။

"hey...B ကိုတွေ့သေးလား?"

ကောင်မလေးက ပြုံးပြကာ ခေါင်းခါပြီး
ထွက်သွားတာကြောင့် Loey ကြောင်သွားသည်။

"ဘာလဲဟ "

Loey ကားသော့ယူကာ အိမ်ပြန်ခဲ့လိုက်သည်။
အိမ်မှာ ရေချိုးပြီးမှ အင်္ကျီ၃စုံလောက်ယူကာ
ပြန်ထွက်ခဲ့တော့ ည 8 နာရီ....။

"နောက်တောင်ကျနေပြီ"

လက်ကောက်ဝတ်ကို လှုပ်ခါရင်း ကားထဲဝင်ကာ
မောင်းထွက်ခဲ့သည်။

အိမ်တော်ထဲရောက်ပြန်တော့လဲ B ကို
အသဲအသန်လိုက်ရှာရပြန်သည်။

အခန်းထဲရောက်တော့ ဝရံတာမှာ အင်္ကျီလက်ရှည်
အပါးလေးနဲ့ ထွက်ထိုင်နေသောB ကိုမြင်မှ
Loey တနေ့လုံးမှာ သက်ပြင်းတခါချမိတော့သည်။

အင်္ကျီထုတ်ကို ခုံပေါ်ပစ်တင်ပြီး
B အနားသွားကာ ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။

တနေ့လုံး B အနားမှ မကပ်ရတာ....

"ကိုယ် အရမ်းလွမ်းနေတာ ရူးတော့မှာ....
မင်းသိလား! "

B က ပြုံးပြီး နောက်လှည့်ကြည့်လာသည်။
ခါးပေါ်က Loey လက်တွေကို မ ပြီး
နမ်းတော့ နှုတ်ခမ်းနီ အရာက Loey လက်ဖမိုး
ပေါ် တင်ကျန်ခဲ့သည်။

"B ဒီနေ့ ဘယ်ရောက်နေတာလဲ
ကိုယ်လိုက်ရှာနေတာ "

"B လား ! B မတက်တာကြာပြီဖြစ်တဲ့
အတန်းတက်နေတာ "

Loey အနောက်ကနေ ချက်ချင်း B ရှေ့ သွား
ဒူးထောက်ထိုင်ပြီး B လက်တွေပေါ်အုပ်ကိုင်
လိုက်သည်။

"ဘယ်လို ဘယ်လို?? အတန်း?? ဘာအတန်းလဲ
B ကိုယ်လဲ ဘာမှမသိရပါလား "

B ရဲ့ လက်ချောင်းလေးတွေက Loey ပါးပြင်ပေါ်
ရောက်လာပြီး ခပ်ဖွဖွလေးပွတ်ကာ ပြုံးနေသည်။

"Loey သိပါတယ် "

"မဟုတ်ဘူး...ကိုယ်တကယ် မသိဘူး..."

Mr.Potato Head {COMPLETED}Where stories live. Discover now