Ep 28 : Merry Christmas (Z + U)

3.2K 489 22
                                    

"Hey!! Loey...what're u doing !!"

B လက်ထဲက ကွတ်ကီးတွေကို ဘေးကလာ နှိုက်စားနေတဲ့ Loey ကြောင့် B မျက်မှောင်ကျုံ့လိုက်ပြီး ခပ်ဝေးဝေး ကို ပြေးသွားတဲ့ Toben ကို လှမ်းခေါ်လိုက်သည်။

"Come on Toben !!"

လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြေးလာတဲ့ ခွေးမဲလေးရှေ့
ကွက်ကီးချကျွေးရင်း ပွတ်သပ်လိုက်တော့
Loey က B လက်တွေကို အတင်းလိုက်ဆွဲနေသည်။

"Loey ...ဘယ်လိုဖြစ်နေလဲ ခနလေးနေ....
အိုး...!!"

Loey လက်တွေကို ပြန်တွန်းခါရင်း မှောက်ကျသွားပြီး ဖြစ်တဲ့ ကွတ်ကီး ပန်းကန်ကြောင့် Loey ဘက် လှည့်ကာ
B ခပ်စူးစူးကြည့်လိုက်သည်။

"Wait Darling !! Toben နဲ့ထိ သဝန်တိုနေတာတော့ မဟုတ်သေးဘူးကွာ!!
ပြီးတော့ အဲ့တာ Toben ကိုကျွေးဖို့လုပ်ထား တာတွေ ခနခန နှိုက်မစားပါနဲ့ဆို..."

လက်ထဲက tennis ball ကို ကစားနေရင်း
B ကို ခပ်စောင်းစောင်းကြည့်နေတဲ့ Loey က
ခပ်လှမ်းလှမ်း က မြက်ခင်းပေါ် Tennis ball ကို လှမ်းပစ်လိုက်သည်နဲ့ အစားစားနေတဲ့ Toben က ထိုနေရာ သို့ ပြေးထွက်သွားခဲ့သည်။

B ဘာမှဆက်မပြောတော့ပဲ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ Loey က Toben ပန်းကန်ထဲက ကွက်ကီး တခုကို ယူစားပြရင်း
B ကို ချီမလိုက်တာမို့ B လန့်သွားပေမယ့်
ပါးစပ်ထဲရောက်လာတဲ့ Toben ကွတ်ကီးတွေ ကြောင့် အော်ချိန်မရလိုက် ။

အခန်းထဲက ကုတင်ပေါ် ပစ်ချပြီးတာနဲ့ အခန်းတံခါးကို ချက်ချလိုက်တာမို့ B တဖက်ကို စောင်းလှည့်ကာ အိပ်ပစ်လိုက်သည်။

Toben ဆိုတာ Loey မွေးနေ့တုန်းက B လက်ဆောင်ပေးထားတဲ့ B တို့ မိသားစုဝင်လေး။

အစပိုင်းမှာ သူတို့၂ယောက်အဆင်ပြေပေမယ့်
Loey ရော Toben ကပါ B မှ B ဖြစ်လာတဲ့ အခါမှာတော့ Loey က စိတ်ဆိုးပြီး B ကို ထိုင်ရစ်ရင်ရစ်၊ မရစ်ရင် Toben အတွက် B လုပ်ပေးတဲ့ ကွတ်ကီးတွေ အမြဲ ယူယူစားသည်။
B အနားမှာ Toben ကအမြဲရှိနေတတ်တာမို့
အပြင်ကို ပထုတ်ပြီး အခုလိုလဲ B ကို ဝှက်ထားတတ်သည်။

B စူပုတ်ကာ မျက်လုံးတွေ မှိတ်ထားလိုက်ပေမယ့်
ခါးပေါ်ရစ်ပတ်လာတဲ့ လက်တွေကြောင့် အမြင်ကပ်စွာ တွန်းထုတ်လိုက်သည်။

Mr.Potato Head {COMPLETED}Where stories live. Discover now