Ep 24 : Cookies (Z + U)

4K 625 129
                                    

(Zaw)

Ring *

ခပ်ကျယ်ကျယ်မြည်နေသော ph သံကို အသာပိတ်
ပြီး ရင်ခွင်ထဲက လှုပ်ရွသွားတဲ့ ကောင်လေးကို ကြည့်ကာ သက်ပြင်းချမိသည်။ စောင်ကို အသာမပြီး
ပြတင်းပေါက်နား သွားကာ လိုက်ကာအသာ ဟ
လိုက်သည်။

"အေး ပြော"

(လိုချင်တာ ရပြီ...)

"ဘယ်မှာလဲ "

( ငါ့ အိမ်မှာ ထားထားတယ်... မင်း လာမှာလား)

"အိုခေ ပင်ပန်းသွားပြီ.."

ဖုန်းကို ခပ်တင်းတင်းဆုတ်ကိုင်ကာ ခပ်စူးစူးနေကို
မော့ကြည့်မိသည်။ တခနကြာမှ ပြန်ခွာပြီး ခပ်ပြာပြာ
မြင်ကွင်းထဲ အိပ်ချင်မူးတူးနဲ့ ငုတ်တုတ်ထထိုင်
နေသော ကောင်ငယ်လေးက မြင်ကွင်းထဲဝင်လာ
သည်။

"နိုးနေတာလား"

"ဖြေစမ်း ph ပြောတာ အဲ့ထိသွားဖို့လိုလို့လား...
B ကို မသိစေချင်တဲ့ အရာတခုခုပဲထင်တယ်..."

Loey က သဘောတကျရယ်ပြီး ခေါင်းကို အသာ
ရမ်းသည်ကို ကုတင်ပေါ်က B က သဘောမကျစွာ
မျက်မှောင်ကျုံ့ သည်။

"ကဲ နိုးရင်လဲ ရေချိုးတော့လေ B "

ကုတင်ပေါ်က B မျက်နှာနား ထိကပ်ကာ အနမ်း
ပေး မယ်ပြင်တုန်း တဖက်ကနေ ခုန်ဆင်းသွားတဲ့
B ကြောင့် Loey နားမလည်နိုင်ဖြစ်သွားသည်။

Loey B ကို လှည့်ကြည့်တော့ B က ဂါဝန်ကို
ဇစ်တပ်ပြီး စားပွဲပေါ်က မညှိုးသေးသော
နှင်းဆီနက် ကို အလယ်က ချိုးကာ စားပွဲပေါ်
ချလိုက်ပြီး ဒီနေ့ အတွက် အသစ်ဆက်ဆက်
နှင်းဆီနက်ကို ပန်းအိုးထဲ ထည့်လိုက်သည်။

"ခင်များ စားပြီးနားမလည် လုပ်တာလား?
ကျွန်တော့ကို စားရရုံနဲ့..ငါပိုင်ပြီ ဆိုသလိုမျိုး လေ..."

"တောက်!! B မင်းစကားတွေ!! "

Loey စိတ်တိုစွာ B အနားကို ခြေလှမ်းကျဲ ကြီး
တွေနဲ့ ရောက်လာပြီး လည်ပင်းက အင်္ကျီစ ကို
ဆွဲကိုင်ထားသည်။

Loey က အတော် ဒေါသထွက်နေပုံပေါ်ပေမယ့်လဲ
B က မကြောက်မရွံ ပြုံးသည်။ ထို့နောက် မျက်နှာကို
ပြန်တည်ပြီး ခပ်အေးအေးမေးသည်။

Mr.Potato Head {COMPLETED}Where stories live. Discover now