Ep 18 :Black Rose (Z + U)

5.2K 709 80
                                    

(Zaw)

အစည်းအဝေး ခန်းမထဲ ဖိနပ်သံ တဒေါက်ဒေါက်နဲ့
ဝင်လာတဲ့ အမျိုးသားက ခန်းမတံခါးကို ဖွင့်လိုက်
သည်နဲ့ အခန်းထဲက လူကြီးလူကောင်းတွေက
မျက်နှာပျက်သွားသည်။

မျက်ခုံးတချက်ပင့်ပြီး ထိုလူတွေနဲ့မတူစွာ
အဓိကကျသောနေရာဖြစ်တဲ့ ထိပ်မှာဝင်ထိုင်လိုက်
သည်။

ဘာလို့လဲ ဆိုတော့ ကိုယ်ပိုင်တာမို့လို့လေ...

ညာဘက်ခြေထောက်ကို ဘယ်ခြေထောက်ပေါ်
ချိတ်ထိုင်လိုက်ပြီး ခုံပေါ်လက်သည်းတွေနဲ့ ခေါက်
ကာသံစဉ်တခုကို ဖန်တီးနေသည်။

တဖက်က လူကြီးလူကောင်းတွေက နာရီတကြည့်
ကြည့်ဖြစ်နေတာကြောင့် ဦးဆောင်သူ တယောက်
စ ကာ စကားပြောလာသည်။

"B.... ဒီကိုဘာလာလုပ်တာလဲ? "

B ကထိုင်ခုံနောက်ကို မှီထိုင်နေရာကနေ
ချက်ချင်းပြန်မတ်လိုက်ပြီး John ကို လက်ညိုးထိုး
ကာခပ်ပြုံးပြုံးပြောလိုက်သည်။

"You can call me Mrs.Park OK? "

John မျက်နှာပျက်သွားတာကို မြင်တော့
B က သဘောတကျပြုံးပြီး ထိုင်နေတဲ့
လူကြီးလူကောင်းတွေကို တချက်ဝှေ့ကြည့်လိုက်
သည်။

"Meeting ရှိတဲ့ ဆိုတဲ့ အကြောင်းအရင်းကိုပဲ
ပြောကြတာပေါ့ ကဲ....ဘယ်သူစမလဲ? "

B စကားကြားမှ လှုပ်လှုပ်ရွရွဖြစ်လာတဲ့ လူတွေက
John ထံ အကူအညီတောင်းကာလှမ်းကြည့်ကြ
သည်ကို B မြင်လိုက်ရသည်။

"Sry Mrs.Park အခုအကြောင်းက Mr.Park နဲ့
ပြောမှဖြစ်မယ့်ကိစ္စမို့လို့ ..."

B က မျက်ခုံးတချက်ပင့်ကာ မေးလိုက်သည်။

"သူ့ကို ပြောထားလား? "

"ပြောထားပါတယ်"

B က မျက်မှောင်ကျုံ့ကာ ထပ်မေးလိုက်သည်။

"ဒီကိစ္စက အဲ့လောက်အရေးကြီးလား? "

"အရမ်းကို အရေးကြီးလို့ပါ"

B က လှလှပပပြုံးရင်း အသံထွက်အောင်ရယ်
လိုက်သည်။ John အပါအဝင် အခန်းထဲက
လူတွေ တယောက်မှ နားမလည်နိုင်ခဲ့....။

"ဘယ်လိုလုပ်မလဲ....Loey က လူကြီးမင်းတို့
အစည်းအဝေးထက် B လိုချင်တဲ့ နှင်းဆီမျိုး ရှာဖို့က
သူ့အတွက်ပိုအရေးကြီးနေမယ်ထင်တယ်...
Loey က အခု New York မှာ နှင်းဆီရှာဖွေရေး
ထွက်နေတယ် "

Mr.Potato Head {COMPLETED}Tahanan ng mga kuwento. Tumuklas ngayon