Ep 22 : Who's that bitch (Z + U)

4.8K 686 26
                                    

(Zaw)

အနက်ရောင် တွေနဲ့ မှော်ဆန်ဆန် အခန်းထဲ Laptop ရှေ့က မခွာပဲ အလုပ်ရှုပ်နေတဲ့
ကောင်လေး တယောက်ရှိသည်။

ရေချိုးခန်းထဲက bathrobe ဝတ်ပြီး
ရေစက်လက်ကျနေသော ခေါင်းကို သဘက်ဖြူဖြူ နဲ့
ထပ်သုတ်ကာ ထွက်လာသော Loey က
မျက်တောက်မခတ် အလုပ်လုပ်နေသော
ယောက်ျားသေးသေးလေးကို လှမ်းငေးကြည့်
နေသည်။

ပါးပြင်ပေါ်က အနီရောင် ကြယ်ပွင့်လေးကို
မြင်မိတော့ နှုတ်ခမ်းတွေက လှလှပပ
ကွေးညွှတ်သွားသည်။

"အ.... အား.... !!!"

ထိုင်ခုံပေါ်ထိုင်ချပြီး ခြေထောက်ကိုဖိကာ အော်
လိုက်သော Loey ကြောင့် B လန့်ကာနောက်
လှည့်ကြည့်ပြီး အနားပြေးလာသည် ။

"Loey.... ဘာဖြစ်သွားတာလဲ.. B ကိုပြ...
ခြေထောက်နာတာလားဟင်"

ထိုင်ခုံမှာ ထိုင်နေတဲ့ Loey ရှေ့ ဒူးထောက်
ထိုင်ချလိုက်တာကြောင့် ပွန်းသွားသော ဒူးကို
တောင်ဂရုမစိုက်မိပဲ စိတ်ပူစွာ Loey ခြေထောက်
ကို ဖိကိုင်ပေးနေသည်။

"ကိုယ်....ဒီ ကိုယ်သင်းရနံ့လေးတွေ လွမ်းနေခဲ့တာ....လာစမ်းပါဦး မင်းယောက်ျားနားကို! "

အောက်မှာ ဒူးထောက်ထိုင်နေတဲ့ B ကို ပွေ့ချီပြီး
သူ့ပေါင်ပေါ်တင်လိုက်သည် အထိ B ဟာ
အရုပ်တရုပ်လို ငြိမ်နေသည်။

B ပုံစံကို မြင်လိုက်တဲ့ Loey ကလဲ နားမလည်နိုင်
စွာ ပြန်ကြည့်သည်။ B က ခါးပေါ်က လက်တွေကို
ဖြုတ် ချကာ Loey ပေါ်က ဆင်းသွားသည်။

"ကိုယ် မင်းကို လွမ်းမိတာ...မင်းက အဲ့လောက်
ထိဖြစ်သွားတာလား? "

Loey က နားမလည်စွာ ဟက်ခနဲရယ်လိုက်တော့
B က မျက်မှောင်ကျုံ့ကာစိုက်ကြည့်သည်။

"လွမ်းတာ?  လွမ်းတာ နဲ့ပဲ အဲ့လာက်ထိ
လုပ်စရာလိုလို့လား...ဟင် Loey ခင်များ ကလေ
အရမ်းချစ်တတ်ပါတယ်... ဒါပေမယ့် ခင်များကိုယ်
တိုင်ကပဲ ချစ်တတ်တာ ကျွန်တော့အချစ်ကိုဆို
အရမ်းအထင်သေးတယ်... "

"နိုး.... ကိုယ် မင်းကို အထင်သေးတယ်လို့မပြော
မိဘူး....ဒါပေမယ့် မင်းကို ဘယ်သူမှ ကိုယ်လောက်
မချစ်နိုင်ဘူး ဆိုတာ မင်းလက်ခံရမယ်... "

Mr.Potato Head {COMPLETED}Where stories live. Discover now