Ep 11 : My own trainer (Z + U)

5.7K 834 45
                                    

(Zaw)

Loey မရှိပဲ ထရတဲ့ မနက်ခင်းသည် B အတွက်
လွမ်းလွမ်းဆွတ်ဆွတ်နဲ့ နေရခက်စေသည်။

Loey ဘယ်ကိုသွားခဲ့တာလဲ....

အိပ်ချင်စိတ်ကမပျောက်တာကြောင့်
စိတ်က မကြည် ။

၃ရက်လောက်ကို စိတ်ဆိုးပစ်ဦးမှာ!!

"ဟင့်... လွမ်းတယ် ဘယ်မှာလဲကွာ"

နှာတံတလျှောက် မျက်ရည်စက်လေး
စီးကျလာတာနဲ့ ခေါင်းအုံးထဲ မျက်နှာအပ်လိုက်သည်။

#Ring

Darling ဆိုတဲ့ Contact လေးကြောင့်
B ရင်ထဲ ပျော်ရွှင်မှု့တွေ ဗြောင်းဆန်သွားသည်။
တဖက်ကလဲ စိတ်ဆိုးချင်သည်။

Ph ကိုင်ပြီး ဘာမှမပြောပဲနေတော့
Loey ကရယ်ကြဲကြဲနဲ့ နောက်သည်။

(အိပ်ပုတ်လေး စိတ်ကောက်နေတာလား...)

Loey အသံကြားမှ B ပိုလွမ်းလာသည်။
မျက်ရည်စက်က ထပ်ကျလာတော့
စိတ်တိုပြီး အော်မိတော့သည်။

"ဘာလို့တယောက်ထဲထားခဲ့တာလဲလို့
အီးဟီး... တယောက်ထဲ မနေတတ်တော့တာ
မသိဘူးလား.... လွမ်းနေတာရော မသိဘူးလားလို့... အီး....လူယုတ်မာကြီး "

ချစ်စရာကောင်းတဲ့ B ရဲ့ဆူပူသံလေးတွေကို
ကြားတော့ Loey ကရယ်သည်။

(ကိုယ်ပြောမယ့်စကားကိုကြားရင်
အခုလိုစိတ်ကောက်နိုင်ပါဦးမလား )

B ငိုတာရပ်ပြီး အတွေးတွေများသွားရသည်။

"ဘာ... ဘာကြီးလဲ.. "

အခုချိန်စူပုတ်ပုတ်နဲ့ စပ်စုချင်နေမယ့်
Bမျက်နှာလေးကိုသာ Loey ပြေးမြင်ချင်မိတော့
သည်။

(သိချင်ရင် အောက်က နှင်းဆီခြံထဲဆင်းခဲ့)

၅စက္ကန့်လောက် ငြိမ်နေမိပြီးမှ B ဂါဝန်ကိုမကာ
လှေကားထက်ကပြေးဆင်းခဲ့သည်။

ခြံထဲကို အပြေးဝင်တော့ ရုတ်တရက် ဘေးကနေ
ကိုယ့်ခါးကိုလှမ်းဆွဲလိုက်သော ထိုအမျိုးသား...

"Hey baby....I'm here "

Black suit အပြည့်အစုံ ဝတ်ပြီး လှန်တင်ထားတဲ့
ဆံပင် နဲ့ Loey ဟာ နောက်ခံနှင်းဆီနီတွေ နဲ့
လိုက်ဖက်စွာ ကြည့်ကောင်းနေလိုက်တာ.....

Mr.Potato Head {COMPLETED}Where stories live. Discover now