[Unicode]
" မင်းတိုဘာဘာလုပ်တာလဲ!!! အခုချက်ချင်း ငါ့ပိုင်နက်ထဲကထွက်သွား!!!"
"ငါလဲလာချင်လို့လာတာမဟုတ်ဘူး! ကလေးဘယ်မှာလဲ! "
"အဲ့ဒါ ငါမေးရမယ့်မေးခွန်း ကလေးကိုမင်းတို့ခေါ်သွားတာမလား"
"ဘာ!! ကလေးက မင်းတို့ဆီမှာမရှိဘူးလား"
"ကလေး ငါ့လက်ထဲမှာရှိရင် မင်းအခုလို လာဟောင်နိုင်ပါ့မလား!"
သူ့စကားကြောင့် ထိုလူတော်တော်တင်းသွားပုံရသည်။ မျက်စံနက်နက်တို့က အနီရောင်သို့ပြောင်းသွားကာ လက်သီးကိုကျစ်နေအောင် ဆုပ်ထားသည်။ ကိုယ့်ပိုင်နက်ထဲဖြစ်နေ၍ သူဘာမှပြန်မလုပ်ရဲ...
" Kim TaeHyung!!! ကလေးကိုရှာတွေ့လို့ကတော့ မင်း ငါ့ရဲ့ Luna ဖြစ်ဖို့ပြင်ထား! ဘယ်အချိန်ထိမင်းစွာနိုင်မလဲ ငါစောင့်ကြည့်မယ်"
"သေတာတောင် ငါမင်းလက်အောက် ဘယ်တော့မှရောက်မှာမဟုတ်ဘူး! !!"
ထိုလူမှာ Dark ဆိုသည့် Black wolf အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ပြောပြီးတာနဲ့ပျောက်သွားသော Dark ကိုသူတော်တော်ဒေါသထွက်ကာ ဆိုဖာ လက်ကိုင်ကို ထုချပစ်လိုက်သည်။
"ခေါင်းဆောင် စိတ်လျော့ပါ ကျွန်တော်တို့ ကလေးကိုရှာတွေ့မှာပါ အခုချိန်မှာတော့ သူတို့ကိုပိုသတိထားရတော့မယ်"
"ကလေး ကိုရှာတွေ့မှဖြစ်မှာ ငါအစ်ကိုကြီးကိုကတိပေးထားတယ် သူတို့လက်ထဲ ရောက်လို့မဖြစ်ဘူး"
"ကျွန်တော်တို့လဲ ကြိုးစားပြီးရှာကြတာပေါ့ ဒါနဲ့ခေါင်းဆောင် အဲ့ဒီကလေးကို ဘယ်လိုသိနိုင်မလဲ"
" ငါတို့ wolf တွေအကုန်လုံး သတိထားမိမှာပါ ကလေးလေး မျက်လုံးတွေက ကြယ်ရောင်လိုတောက်နေတာ ပြီးတော့ အနံ့ကထူးခြားတယ် ကလေးဆိုတာတန်းသိမှာပါ"
"ဟုတ်ကဲ့ ကျွန်တော်အခုပဲ လုပ်ငန်းစလိုက်တော့မယ်"
"အင်း...ဂရုစိုက်"
Hoseok ထွက်သွားသည်နှင့် TaeHyung လဲ ကောင်လေးကိုရှာရန် ထွက်လာခဲ့သည်။
My little WØLF
"အဟင့်...အီးဟီး...ငါဘယ်ရောက်နေတာလဲမသိဘူး... ဖေဖေ နဲ့မေမေ လဲဘယ်ရောက်နေကြတာလဲ...ဗြဲ"