4

6.6K 828 44
                                    

[Unicode]

*Hoseok*

ဆောင်းရာသီရောက်ပြီဖြစ်၍ အပြင်ဘက်တွင်နှင်းဖွေးဖွေးတို့က ပတ်ဝန်းကျင်အနှံ့နေရာယူထားသည်။ တချက်တချက်တိုက်ခတ်လာသော လေအေးအေးက ဝရံတာတွင်မတ်တပ်ရပ်နေသော သူ့ဆီသို့ တိုက်ရုက်ဝင်ရောက်လာတော့
ဝတ်ထားတဲ့ အညိုရောင်စွယ်တာလေးကအအေးဒဏ်ကိုမခုခံနိုင်စွာ သူကြက်သီးမွှေးညှင်းများထသည်အထိတုန်တက်နေသည်။

သို့သော်လည်း သူဂရုမစိုက်စွာရပ်နေတုန်း...။
အဲ့လောက်ထိ သူကကျွန်တော့်အပေါ်လွှမ်းမိုးနိုင်တယ်။ တွေးနေရင်း အငွေ့တထောင်းထောင်းထနေသော ကော်ဖီနှစ်ခွက်ကိုင်ကာ TaeHyung ရောက်လာသည်။

"Hyung အပြင်မှာဘာလို့အကြာကြီးရပ်နေတာလဲ "

TaeHyung ကသူ့အား ကော်ဖီတစ်ခွက်လှမ်းပေးရင်း ဆူသလိုလိုမဟုတ်သော်လည်း အဲ့သဘောသတ်ရောက်သည့်လေသံဖြင့်ပြောသည်။

"သူပါလိုက်လာရင်ကောင်းမယ်"

"Hyung!!! "

TaeHyung နဲ့ Hoseok နဲ့ကညီအစ်ကိုတဝမ်းကွဲတွေဖြစ်သော်လည်းတကယ့်ညီအစ်ကိုရင်းတွေထက်တောင် တစ်ယောက်ပေါ်တစ်ယောက်သံယောဇဉ်ရှိကြသည်။ အခုလည်း စွန့်ပစ်သွားတဲ့လူတစ်ယောက်အတွက် သူ့မှာခံစားလို့မပြီးနိုင်တာကို ဒေါသထွက်၍သူအော်လိုက်သည်။

Hoseok ကကော်ဖီကိုငုံ့သောက်လိုက်ပြီး ခွက်ကို လက်တန်းပေါ်တင်လိုက်ရင်း သူ့ဘက်လှည့်ကာ

"မုန်းတယ်ဆိုတာ ချစ်သလောက်ကိုပင်ပန်းရတယ် ချစ်တယ်ဆိုတာလည်း မုန်းတာထက်ကိုနာကျင်ရတယ် ဒါဆို Hyung ဘာလုပ်သင့်လဲ"

Hyungက သူ့အားမေးခွန်းထုတ်ကာ ထွက်သွားတော့သည်။ သူမှတစ်ခါမှ မချစ်ဘူးသေးတာကို...

"ချစ်ရတာလောက် ပင်ပန်းတဲ့အလုပ်မရှိဘူး"

သူ့အတွေးနဲ့သူပြောမိခြင်း...

"အင်း...ဒါနဲ့ဟိုကောင်လေးတောင် ပြန်လာမယ့်အချိန်ရောက်တော့မယ်"

TaeHyung ပြုံးရင်းပြောလိုက်သည်။

🔹▪▪▪🔹

At England,,

"Daddy!!! "

အသားဖြူဖြူလုံးလုံးတုတ်တုတ်ကလေးလေးသည် သူ့ပေါ်မှဆင်းသွားကာ သူ့ Daddy ဆီသို့ပြေးသွားသည်။

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now