13

5.5K 617 31
                                    


「𝙐𝙣𝙞𝙘𝙤𝙙𝙚 𝙫𝙚𝙧𝙨𝙞𝙤𝙣」

ကြီးမားလုံးဝန်းသောလမင်းကြီးသည် ကောင်းကင်တခွင်ကိုဖြန့်ကျက်လျက် မဲမှောင်နေသောတိမ်ဆိုင်များကြားထင်းလင်းနေခဲ့သည် ။

ဒီနေ့ကလပြည့်နေ့ ။ သူတို့ဝံပုလွေမျိုးနွယ်စုရဲ့ခေါင်းဆောင်သစ်တင်မြှောက်ပွဲဖြစ်သည် ။

" အားလုံးပဲ ကျွန်တော်တို့စောင့်စားနေရတဲ့အချိန်ကိုရောက်လို့လာခဲ့ပြီ "

သစ်ပင်တွေခြံရံထားသောတောအုပ်ကြီးထဲတွင် TaeHyung ရဲ့အသံကဟိန်းထွက်သွားသည် ။ ဖြူစွတ်နေသောဝံပုလွေတွေသည် လူသားအသွင်ပြောင်းကာ ခေါင်းဆောင်းအသစ်ကိုစိတ်လှုပ်ရှားစွာကြည့်သည် ။ JungKook သည်လည်းအားလုံးရှေ့မတ်တပ်ရပ်ကာ သူ့ရဲ့စူးရှတဲ့အကြည့်တွေနဲ့အားလုံးကိုခြုံကြည့်လိုက်သည် ။

တောက်ပလာသောအညိုရောင်မျက်လုံးတွေသည် သူ့ကိုယုံကြည်စေလိုခြင်းဖြစ်သည် ။ သူ့အဖေကိုယ်တိုင်ကလည်း ထက်မြက်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့၍ အားလုံးရဲ့ယုံကြည်မှု့တွေသည် JungKook ပေါ်တွင်လွန်ကဲသည် ။

" ဒီနေ့ ဒီအချိန်ကစာပြီး ဝံပုလွေဖြူတွေရဲ့ခေါင်းဆောင်ဟာ Jeon JungKook ဖြစ်တယ် "

TaeHyung ရဲ့အသံကသြဇာရှိစွာထွက်ပေါ်လာတော့သည် ။ ကျေနပ်တဲ့အပြုံးတွေကိုနှုတ်ခမ်းထက်ချိတ်ဆွဲရင်း JungKook ကိုကြည့်သည် ။ JungKook ရဲ့မျက်လုံးတွေသည် ပိုမိုစူးရှလာကာအပြုံးလှလှတွေဖြစ်ထွန်းသည် ။

" ကျွန်တော် ဒီမျိုးနွယ်စုရဲ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်စေရပါမယ် အားလုံးရဲ့ယုံကြည်မှု့ကိုလည်းစိတ်မပျက်စေရပါဘူး ကျွန်တော်ခေါင်းဆောင်တစ်ယောက်အနေနဲ့မျိုးနွယ်စုကိုစောင့်ရှောက်ပါ့မယ်လို့ ကတိပေးပါတယ် "

" ခေါင်းဆောင် အသက်ရှည်ပါစေ!!
   ခေါင်းဆောင်ရဲ့စွမ်းအားနဲ့စောင့်ရှောက်ပေးပါ !!! "

" ခေါင်းဆောင် အသက်ရှည်ပါစေ
    အာဏာတည်တံ့ပါစေ !!!!! "

" အားလုံးပဲ ကျွန်တော်ကခေါင်းဆောင်အဖြစ်ရောက်ရှိခဲ့ပြီ Hoseok Hyung ကတော့ ဒုတိယခေါင်းဆောင်အနေနဲ့အားလုံးကိုဦးစီးပါလိမ့်မယ် "

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now