[Unicode]"H-Hyung... "
နှစ်တွေအကြာကြီးကြာမှ Hyung ကိုပြန်တွေ့ရသော်လည်း သူ့နှလုံးခုန်သံကသိသာစွာမြန်ဆန်နေခဲ့ပြန်တယ်။ Hyung ကတော့ တည်ငြိမ်စွာပင် သူ့ကိုပြန်နှုတ်ဆက်သည်။
"Hyung တို့သားဖ နားချင်ရင်နားတော့လေ ပင်ပန်းလာတာမဟုတ်လား "
ပြောစရာစကားမရှိ၍သူစကားလွှဲလိုက်ရသည်။
"အင်း...လာ Babe"
Yoongi က ကလေးအားခေါ်ကာ အပေါ်ထပ်သို့တရွေ့ရွေ့တက်သွားတော့သည်။
ထိုစဉ်အပေါ်ထပ်မှ ဝုန်းဒိုင်းဆင်းလာသော JungKook ကြောင့်သူလန့်သွားသည်။
"JungKook!! ဘာဖြစ်လာတာလဲ"
"Hyung ရဲ့ညီပေါ့ ကျွန်တော့်ကိုကလေး ကလေးနဲ့ ပြီးတော့ ဒါလေးလုပ်တာ စိတ်ဆိုးစရာပါလို့လား"
"မင်းကဘာသွားလုပ်လို့လဲ"
"ကျွန်တော်က သူ့ကိုဆေးတိုက်တာလေ အဲ့ဒါ-"
"တော့လိုက်တော့!!!!"
အပေါ်ထပ်မှ TaeHyung ရဲ့အော်သံကြောင့် JungKook စကားတွေရပ်တန့်လိုက်တယ်။
"TaeHyung မင်း JungKook ကိုစိတ်ဆိုးနေတာဆို ဘာလို့လဲ"
"အဲ့ကောင်က - ဟွန်း တော်ပြီ သူ့ကိုစိတ်မဆိုးပါဘူး JungKook မင်းတက်လာခဲ့ဦး"
TaeHyung ကပြောကာ အပေါ်ပြန်တက်သွားတော့ JungKook ကလည်းအနောက်မှလိုက်တက်သွားတယ်။ Hoseok ကတော့ သက်ပြင်းချကာ ကျန်ရစ်ခဲ့တော့သည်။
အခန်းထဲရောက်တော့ TaeHyung က JungKook အားစိုက်ကြည့်နေသည်။
"Tae စိတ်မဆိုးတော့ဘူးလည်းပြောသေးတယ် ဘာလို့အဲ့လိုစိုက်ကြည့်နေတာလဲ"
"မင်းက ကလေးလို့ပြောတော့မကြိုက်ဘူး Hoseok Hyung ကိုမင်းဘာတွေလျှောက်ပြောနေတာလဲ"
"အမှန်တိုင်းပြောတာပဲလေ Tae ကျွန်တော့်ကိုစိတ်ဆိုးနေတဲ့အကြောင်းက ကျွန်တော့်နှုတ်ခမ်းနဲ့Tae-"
"တော်လိုက်တော့ "
TaeHyung ရဲ့မျက်နှာကပန်းရောင်သန်းသွားကာ နားရွက်ဖြူဖြူလေးတွေကပါရဲတက်လာသည်။