5

6.7K 817 22
                                    

[Unicode]

ညရဲ့ အမှောင်ကပတ်ဝန်းကျင်တစ်ခွင်လုံးကိုလွှမ်းမိုးသထက်လွှမ်းမိုးလာခဲ့သည်။ ဝိုင်းစက်နေတဲ့ လမင်းကတော့ ကြယ်ရောင်တွေကင်းမဲ့နေသည့် ကောင်းကင်တခွင်ကိုမင်းမူလျက်ရှိသည်။
တောနက်ထဲမှာတော့ သမန်းဝံပုလွေမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်သံတွေ သွေးညီနံ့တွေကပါ ပတ်ဝန်းကျင်ကိုကူးစက်ကာ တချက်တချက်တိုက်ခတ်လာတဲ့လေနဲ့အတူ အဝေးကိုပျံ့လွှင့်လျက်ရှိသည်။

မြေပြင်ပေါ်တွင်အသီးသီးလှဲလျောင်းနေကြသော ဝံပုလွေအချို့နှင့် တိုက်ခိုက်နေကြသော ဝံပုလွေအချို့ရှိသည်။

"TaeHyung !!! သတိထားဦးလေ"

Hoseok က TaeHyung ရဲ့အနံ့ကိုအာရုံခံမိပြီး အဖွဲ့ဝင်များနှင့်အတူ တောထဲသို့လိုက်လာခဲ့သည်။  TaeHyung ရောက်နေသောနေရာသည် သူတို့ရဲ့နယ်နိမိတ်ထဲတွင်မဟုတ်။ Black တွေရဲ့နယ်မြေထဲရောက်နေပြီး TaeHyung သည်လည်း Dark လက်ထဲတွင်မေ့မျောလျက်ရှိသည်ကိုသူတွေ့ခဲ့ရသည်။
TaeHyung ကိုကယ်ရန်သူတို့အဖွဲ့ဝင်တွေအားလုံး စုစည်းကာ Black တွေကိုစတင်တိုက်ခိုက်ရသည်။ ကိုယ့်နယ်မြေမဟုတ်၍ သူအပါအဝင် အဖွဲ့ဝင်တွေပါခြေကုန်လက်ပမ်းကျနေကြသည်။ ဒဏ်ရာရသူကရနှင့် အသက်ဆုံးရှုံးသူများလည်းရှိသည်။

Dark လက်ထဲမှ TaeHyung အားသူလှမ်းအော်ရင်းသတိပေးလိုက်သည်။

"Jhope မင်းတို့ဒီလောက်ဆိုသဘောပေါက်သင့်ပြီ "

Hoseok က Dark အပြောကိုဂရုမစိုက်ဘဲ တိုးကပ်လာတဲ့ black တွေကိုတိုက်ခိုက်ရင်း TaeHyung ကိုသာသတိပြန်ရရန်သူကြိုးစားနေမိသည်။

"TaeHyung!!!!!!! "

Hoseok ရဲ့ ကျယ်လောင်တဲ့ ခေါ်သံကြောင့် Dark အပါအဝင် ကျန်ဝံပုလွေများပါ အဝေးသို့လွှင့်ကုန်သည်။ သူလည်းအခွင့်ရေးရတုန်း Dark လက်ထဲမှ TaeHyung အားလှမ်းဆွဲကာ ကျောပေါ်တင်ရင်း တဟုန်ထိုးပြေးလာခဲ့တော့သည်။ အဖွဲ့ဝင်တွေကလည်း သူနဲ့မလှမ်းမကမ်းမှအပြေးလိုက်လာကြသည်။
Black တွေကတော့ သူတို့နယ်မြေထဲတွင်ပင်ကျန်ခဲ့တော့သည်။

*му little wolf*

TaeHyung ရဲ့ခန္ဓာကိုယ်ကို ခုတင်ပေါ်အသာလေးတင်ပေးလိုက်သည်။ လက်မောင်းကဒဏ်ရာနဲ့ ရင်ဘက်ကကုတ်ရာများကို ရေနဲ့သန်စင်ရန် သူအခန်းထဲမှထွက်လာခဲ့သည်။

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now