10

6.6K 731 31
                                    

[Zawgyi]

Jungkook သူ့ဘေးတွင်အိပ်ပျော်နေသော TaeHyung ကိုပြုံးကာကြည့်နေမိသည်။ မနေ့ညကကိစ္စအတွက် TaeHyung သူ့ကို့မုန်းသွားမှာကိုလည်းစိုးရိမ်မိနေတယ်.. ။TaeHyung နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကိုသူ့လက်ချောင်းတွေနဲ့ သပ်တင်ပေးလိုက်ရင်း နဖူးပေါ်အနမ်းခြွေလိုက်ပြီး တဖြေးဖြေးနဲ့သူ့နှုတ်ခမ်းက TaHyung ရဲ့ပါးဖောင်းဖောင်းလေးပေါ်သို့.. TaeHyung ရဲ့ နှုတ်ခမ်းလေးအပေါ် အနမ်းထပ်ခြွေမိပြန်တော့ သူ့စိတ်တွေအစိုးမရခဲ့ပြီ။

" ဖယ်စမ်း!"

TaeHyung ကနိုးလာပြီး Jungkook ကိုတွန်းထုတ်ပစ်လိုက်သည် ။ လှဲနေရာကနေထကာ ကုတင်စွန်းဘက်တွင် TaeHyung ကထိုင်လိုက်ရင်း

" ထွက်သွား! ငါ့အခန်းထဲကနေအခုထွက်သွား!"

ကျောပေးကာ အေးစက်စက်ပြောလာသည့် TaeHyung ကြောင့် သူ့ကိုအတော်လေးစိတ်ဆိုးနေမှန်းသိသည်။ သို့ပေမယ် ဗလာကျင်းနေတဲ့ TaeHyung ရဲ့ကျောပြင်ကိုကြည့်ကာ သူပြုံးမိသည်။ သူပေးထားတဲ့ အမှတ်အသားတွေနဲ့ TaeHyung ရဲ့ကျောပြင်ဖွေးဖွေးဟာ လှပနေခဲ့သည်။ Jungkook အနားကိုတိုးသွားလိုက်ပြီး TaeHyung ရဲ့ခါးကိုတင်းနေအောင်ဖက်ထားလိုက်တော့ TaeHyung ကရုန်းသည်။

"မင်း ငါ့ကိုလွှတ်နော် ...ငါ့အသားကိုမထိနဲ့! "

"TaeHyung တော်တော့ကွာ ကိုယ်မင်းကိုချစ်လို့ဖက်တာကို မင်းဘာလို့ငြင်းဆန်နေရတာလဲ "

"ငါက မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်လို့မင်းထင်နေတာလား မင်းငါ့ကိုညကဘာလုပ်ထားလဲ မင်းစဉ်းစား! မင်းအမြဲတမ်းမင်းဖြစ်ချင်တာပဲသိတယ် ငါကတော့မင်းကို ညီလေးတစ်ယောက်လိုသဘောထားတာ မင်းကတော့.... တော်ပြီ မင်းထွက်သွားတော့ ငါစကားပြောချင်စိတ်မရှိဘူး"

"ကျွန်တော့်ကိုမချစ်ဘူးလား ခင်ဗျားကို ချစ်လို့ကျွန်တော်ဒီလိုလုပ်မိတာ ခင်ဗျားမသိဘူးလား ပြောစမ်းပါ Kim TaeHyung ရဲ့ "

"ဟက်! အချစ်ဟုတ်လား မင်းငါ့ကို့ဒီလိုပြုမူကတည်းက မင်းကိုငါမုန်းသွားပြီ "

"Kim TaeHyung!!!"

"မင်းကိစ္စပြီးတာနဲ့ ငါဒီနေရာကထွက်သွားတော့မယ် မင်းနဲ့မပတ်သတ်ချင်တော့ဘူး "

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now