[Unicode]
"အဖြေပေးလေ"
JungKook ရဲ့ဇွတ်တရွတ်အပြုအမူကြောင့် TaeHyung ကမျက်မှောင်ကျုံ့ကာမော့ကြည့်နေသည်။
"မင်းကိုငါ မနေ့ကတည်းက အပြတ်ပြောပြီးသွားပြီလေ "
"အဲ့ဒါ ခင်ဗျားဘက်ကလေ ကျွန်တော့်ဘက်ကတော့ အဖြေမပေးမချင်း လက်လျော့မှာမဟုတ်ဘူး"
(ဒီကောင် တော်တော်ပြောရခက်တဲ့ကောင်ကွာ )
"JungKook ထမင်းသွားစားရအောင် "
TaeHyung ကလေသံကိုနိမ့်ကာ ချော့ပြောတော့ JungKook ရဲ့မျက်ဝန်းတွေကအလိုမကျမှု့တွေနှင့်ပြန်ကြည့်သည်။
" ခင်ဗျား အဖြေမပေးမချင်းမစားဘူး "
JungKook ရဲ့စကားကြောင့် TaeHyung အကြပ်ရုျိက်သွားသည်။ မကြာခင်မှာ သူတို့မျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်တော့မယ့်သူက အဲ့လို ကလေးဆန်နေတုန်း ။
" JungKook ရယ် ငါတို့ကိစ္စနဲ့ မင်းထမင်းစားတာနဲ့ဘာဆိုင်လို့လဲ အောက်မှာ Hoseok Hyung တို့စားနေကြပြီ လာ သွားရအောင် "
"ကောင်းပြီလေ တစ်ခုတော့လုပ်ပေး "
"ဘာဖြစ်ပြန်ပြီလဲကွာ "
TaeHyung မှာကုတင်ပေါ်ကထပြီး JungKook လက်ကိုဆွဲနေရကနေရပ်သွားကာ JungKook ရဲ့တောင်းဆိုမှုကိုစောင့်နေသည်။
"Morning Kiss! "
"ဘာ မင်း!...အွတ်!"
TaeHyung ရဲ့လက်ကိုဆွဲချလိုက်တာကြောင့် JungKook ရင်ခွင်ထဲသို့အလိုက်သင့်ကျလာသည်။ ကိုယ်လုံးကျစ်ကျစ်လေးကို အတင်းဆွဲဖက်ကာ နှုတ်ခမ်းတွေကိုပါ တိုးကပ်မိတော့ TaeHyung ရဲ့အလိုမကျသံလေးတွေက JungKook ရဲ့အခန်းထဲပျံ့လွှင့်သွားတယ် ။
"J-JungKook... "
သူ့နှုတ်ခမ်းတွေနဲ့လွှတ်တာနဲ့ TaeHyung ကဝံပုလွေပေါက်လေးလို သူ့မျက်နှာကိုအတင်းတွန်းလွှတ်နေတော့ JungKook ကလက်တွေကိုတဖန်ထိမ်းချုပ်ကာ TaeHyung ရဲ့နှုတ်ခမ်းတွေဆီသို့ ပိုမိုဖိကပ်လိုက်တော့သည်။