7

6.6K 762 75
                                    

[Unicode]

TaeHyung ရဲ့ "ထွက်သွား" ဆိုတဲ့စကားကြောင့် သူအခန်းထဲမှထွက်လာပြီး ခြံထဲရှိခုံတန်းရှည်ပေါ်တွင် ထိုင်နေမိသည်။

သူ TaeHyung ကိုဒီလိုလုပ်တာ TaeHyung အတွက် အရမ်းကိုစိတ်တိုစေတာလား? ခုနက TaeHyung ပုံစံသည် သူ့ကိုဝမ်းနည်းစေတာတော့အမှန် ။ ဒါပေမယ့်လည်း သူ TaeHyung ကိုချစ်တယ် ... TaeHyung နဲ့အတူရှိနေတာနဲ့ သူပျော်တယ် တပြိုင်နက်ထဲတွင်လည်း TaeHyung ကိုလိုချင်စိတ်များလည်းဖြစ်ပေါ်ဖူးတယ် ။ TaeHyung ကသူ့ထက်အသက်အများကြီးကြီးပေမယ့် သူ့ထက်ပိုဖြူစင်သယောင်ရှိတယ်။

TaeHyung ရဲ့အတွေးထဲမှာ သူ့ကိုမျိုးနွယ်စုရဲ့ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်စေချင်တဲ့ဆန္ဒကလွှဲပြီး ဘာမှရှိပုံမပေါ်။

"ကျစ်"

JungKook ကစိတ်ပျက်လက်ပျက်ဖြင့် မြက်ခင်းပေါ်တွင်လှဲချကာ ကောင်းကင်ကြီးကိုကြည့်လျက် သီချင်းတစ်ပုဒ်ကိုညည်းလိုက်သည်။

There nothing like us ~

Nothing like u and me...

Together through the storm~~~

JungKook ရဲ့သီချင်းသံက ကြီးမားသောခြံကြီးအတွင်း ပျံ့လွင့်သွားတော့သည်။

My little Wolf

မှောင်မိုက်နေသော ကောင်းကင်အရောင်ကိုကြည့်လျက် Dark ကကျယ်လောင်စွာအော်ဟစ်နေသည်။

"အား!!!..."

လွန်ခဲ့သောရက်အနည်းငယ်က White Wolf တွေနဲ့အကြီးအကျယ်တိုက်ခတ်ခဲ့တာမဟုတ်လား။ အရင်အချိန်တုန်းကလည်း သားကောင်ကလက်ထဲရောက်ပြီးမှ လွှတ်သွားတယ် ... ဟိုရက်ကဖြစ်သွားတဲ့ကိစ္စမှာလည်း White Wolf ရဲ့ leader ဖြစ်တဲ့ V ကသူတို့လက်ထဲရောက်ပြီးမှလွှတ်သွားတာ Dark အတွက်တော်တော်ကိုခံပြင်းစရာကိစ္စုဖြစ်သည်။

အခုလိုအော်ဟစ်နေရုံဖြင့်မပြီးသည့်ကိစ္စမှန်းသိသော်လည်း သူတို့ဘာမှမတတ်နိုင် ။ လာမည့် ရက်အနည်းငယ်အတွင်းတွင်ကျရောက်မည့် JungKook ရဲ့ အသက် ၂၀ ပြည့် ပွဲမတိုင်မှီ JungKook ကိုမခေါ်နိုင်ရင် သူတို့မျိုးနွယ်စုက အင်အားနည်းသွားမှာတော့အသေအချာပင်။

"ခေါင်းဆောင် ! ကျွန်တော်တို့ဘာဆက်လုပ်မလဲ "

"အစီအစဉ်တစ်ခုဆွဲမှရတော့မယ် "

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now