[Unicode]ဖြူလွှလွှကုတင် ထက်မှာနေရာယူထားတဲ့ ကလေး ရဲ့ ကိုယ်လေးကိုကြည့်ကာ သူမျက်ရည်တို့ဝဲခိုလာသည်။ ဒါကိုသိတဲ့ Hoseok Hyung ကလည်း သူ့ပခုံးထက် သူ့ရဲ့လက်ချောင်းသွယ်တို့ဖြင့်ဖိညစ်လိုက်သည်။
"အစ်ကိုကြီးနဲ့ သိပ်တူတယ်"
"အစ်ကိုကြီးလိုမျိုး တော်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပါ TaeHyung! "
"ခေါင်းဆောင်ထက်ပိုတော်နေရမှာပေါ့ Hyung"
TaeHyung က သူ့ပခုံးပေါ်က Hoseok လက်ချောင်းတို့ကိုဖိကိုင်ရင်းဆိုသည်။
"အင်း..."
အသံလေးနဲ့အတူ နိုးလာသော Jungkook
မျက်လုံးလေးတွေကိုပွတ်ကာ ထထိုင်လိုက်တော့ ကိုယ်ပေါ်မှာခြုံထားတဲ့ စောင်ဖြူဖြူက JungKook ခါးနားထိလျောကျသွားသည်။
"နှိုးပြီလား..."
"Hyung တို့က ဘယ်သူတွေလဲ"
"ငါတို့က မင်း အဖေရဲ့သူငယ်ချင်းတွေ"
Hoseok Hyung ကအပြုံးအနုနုဖြင့်ဖြေလိုက်သည်။
"Appa!... ဟင့်..."
JungKook က ရုတ်တရက်ထငိုတော့သည်။ ကလေးပီပီ အဖေနဲ့အမေ ကိုသတိရရင် ငိုမှာတော့ သူကိုယ်ချင်းစာမိပေမယ့် TaeHyung မျက်မှောင်ကျုံ့ကြည့်မိသည်။ အစ်ကိုကြီးကဘယ်လိုလူမို့လို့လဲ! ဒီကလေးကတော့ အခုကတည်းက ပျော့ညံ့လိုက်တာ...
သူ့ရှေ့မှာငိုနေတဲ့ ကလေးကိုကြည့်ရင်း TaeHyung တွေးမိခြင်း...။
Hoseok Hyung ကတော့ စိတ်ရှည်သူပီပီချော့နေတော့သည်။" ဟေ့! မငိုနဲ့ အခုတိတ်! မင်းယောကျာ်းမဟုတ်ဘူးလား"
ခေါင်းဆောင်တစ်ယောက်လုပ်နေသောသူသည် ထိုအချိန်တွင် အမိန့်ပေးသံဖြင့် ကလေးအားပြောမိသည်။
သူအော်လိုက်တော့ Hoseok Hyungက သူ့အားမျက်လုံးပြူးပြကာ ထိုကလေးကတော့ အငိုတိတ်ပြီး သူ့ကိုမော့ကြည့်သည်။" ဒီမှာ ငါပြောမယ် မင်းအခုကစပြီး ဒီမှာပဲနေရမှာ ပြီးတော့ ငါ့ရဲ့စည်းကမ်းတွေကိုလည်း လိုက်နာရမယ် နောက်တစ်ခါ မင်းမျက်ရည်တွေ ငါမမြင်ချင်ဘူး"