12

6.5K 637 29
                                    

• UNICODE •

"Tae ရော့ စား .."

မနက်ထမင်းစားဝိုင်းတွင် JungKook ရဲ့ အကဲပိုလွန်းနေသော အမူအရာကြောင့် TaeHyung မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ သူ့ပန်းကန်ထဲတွင်လည်း ဟင်းတွေဖြင့်ပြည့်လျှံနေပြီဖြစ်သည်။

" JungKook မင်း ဘာဖြစ်နေတာလဲ ကိုယ့်ဘာသာ စားစမ်းပါ "

" အေးလေကွာ TaeHyung မှာလည်းလက်ပါ ပါတယ်"

"Hyung ကလည်း Tae နဲ့ ကျွန်တော် အခုမှ အဆင်ပြေခါစရှိတာကို "

" မင်း ကိုက ပိုလွန်းနေတာ အမြင်ကပ်အောင်လာမလုပ်နဲ့ "

Yoongi Hyung ကပါပြောတော့ သူ့ဆံပင်တွေကိုထိုးဖွလိုက်ရင်း TaeHyung ဆီကိုသာ အကြည့်တွေဆက်ပို့ထားလိုက်သည်။

" Jeon JungKook  စားလေ ငါ့ကိုထိုင်ကြည့်မနေနဲ့ အမြင်ကပ်လာပြီနော် "

TaeHyung ပြောတော့ JungKook က စပ်ဖြီးဖြီးလုပ်ရင်း ထမင်းငုံ့စားတော့သည်။

TaeHyung ရေချိုးပြီးတော့ အခန်းထဲတွင်ပဲစာဖတ်ရင်းအချိန်ဖြုန်းနေမိသည်။ မနက်စာစားပြီးသွားကြတော့ Hoseok Hyung နဲ့ Yoongi Hyung တို့သားအဖ  အတူတူမြို့ထဲထွက်သွားကြသည်။ JungKook ကတော့ အခုရက်ပိုင်း သူ့အခန်းထဲတွင်သာ အချိန်ဖြုန်းနေတတ်၍ သူအခုလို အေးဆေးစာဖတ်နေရခြင်းဖြစ်သည်။ မဟုတ်လျှင် သူ့ကို ' ချစ်တယ်' ဆိုတဲ့ စကားခြင်းသာ လာပြောလွန်းလို့ သူ့မှာမျက်နှာပူရသည်။ သူတွေးနေရင်း JungKook ရဲ့ခြေသံတွေကိုသူကြားနေရသည်။ အိကျသွားတဲ့ မွေ့ရာနဲ့အတူ JungKook ကသူ့ဘေးတွင်ရောက်နေပြီဖြစ်သည်။

" ဘာလာလုပ်ပြန်တာလဲ "

သူ့အကြည့်တွေကို စာအုပ်က မခွာဘဲမေးတော့ ပြန်မဖြေ ။ သူ့လက်ထဲက စာအုပ်ကို ဆွဲယူလိုက်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။ သူ့လက်တွေကို ဆွဲယူရင်း JungKook က နှုတ်ခမ်းနဲ့ခပ်ဖွဖွထိတွေ့နေသည်။ 

" JungKook မင်း တော်တော်ရဲတင်းနေပါလား "

သူ့လက်တွေကိုရုန်းလိုက်တော့ ပိုပြီးတော့ သူ့အနားတို့လာပြီး လက်ချောင်းရှည်တွေပေါ် သူ့နှုတ်ခမ်းနဲ့ထိထားပြန်သည်။ JungKook ရဲ့အပြုအမူကြောင့် သူ့ရင်တွေအဆက်မပြတ်ခုန်နေတာ သတိထားမိတယ် ။ ထပ်ပြီး မရုန်းမိတော့ပဲ သူ့လက်နောက်တဖက်နဲ့ JungKook ဆံပင်တွေကိုထိုးဖွလိုက်တယ်။ အံ့သြတဲ့ မျက်လုံးတွေနဲ့ JungKook က မော့ကြည့်ချိန်မှာတော့ သူ့အပြုံးတွေက JungKook ကြောင့်ဖြစ်တည်ကုန်သည်။

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now