3

6.9K 889 98
                                    

[Unicode]

စားပွဲခုံအရှည်ကြီးတစ်ခုပေါ်တွင် ဟင်းပွဲမျိုးစုံဖြင့်ပြည့်နှက်လျက်ရှိသည်။ ခုံရှည်၏ထိပ်ဆုံးတွင် TaeHyung ကထိုင်လျက်နေရာယူထားသည်။ Hoseok ကတော့ TaeHyung နဲ့မျက်နှာချင်းဆိုင် ခုံတွင်ဝင်ထိုင်လိုက်သည်။ ကျန်လက်ထောက်များတော့ ဘေးတွင်မလှုပ်မယှက်ရပ်နေကြသည်။

TaeHyung ကပန်းကန်ထဲက အသားတုံးအားဓားဖြင့် လှီးဖြတ်ရင်း ဘေးမှာရပ်နေတဲ့လက်ထောက်တစ်ယောက်အား လှမ်းမေးလိုက်သည်။

"ဟိုကောင်ဆိုးလေး မနိုးသေးဘူးလား"

"သွားနှိုးလိုက်ပါ့မယ်"

လက်ထောက်ထွက်သွားပြီးတော်တော်ကြာမှ သူ့ဘေးခုံကိုရောက်လာသော JungKook

"မင်းနှိုးလာသေးတယ်နော်"

"ဒါကျွန်တော် ပုံမှန်အိပ်ယာထချိန်ပဲ"

JungKook က ဟင်းပန်းကန်ထဲမှ ကြက်သားတုံးအားလက်နဲ့လှမ်းယူလိုက်ရင်းပြောသည်။
အစအဆုံးကြည့်နေတဲ့ TaeHyung က JungKook ရဲ့ပုံစံကိုကြည့်ပြီး မျက်မှောင်ကျုံ့လိုက်သည်။

"မင်း! ညစ်ပတ်လိုက်တာ"

JungKook က TaeHyung ရဲ့စကားကြောင့် သူ့အကျႌကိုတရှုံ့ရှုံ့ငုံ့နမ်းနေသည်။

"အနံ့လေးပဲနည်းနည်းထွက်တာပါ"

"ဟာ...တော်ပြီ တော်ပြီ မစားတော့ဘူး ဒီလိုညစ်ပတ်တဲ့ကလေးနဲ့...Hyung ကျွန်တော် စောင့်နေမယ် စားပီးထွက်လာခဲ့..."

Hoseok ကပြုံးစိစိဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

TaeHyung ကစားပွဲမှအမြန်ထပြီးသွားဖို့လုပ်တော့ JungKook ကသူ့လက်အားလှမ်းဆွဲလိုက်သည်။

"ဘယ်သွားမိလို့လဲ Tae "

"ငါ့ဟာငါဘယ်သွားသွားပေါ့...နေဦး!...မင်းလက်မဆေးရသေးဘဲ ငါ့အကျႌကိုလာကိုင်တယ် တော်တော်ညစ်ပတ်တဲ့ကောင်ကွာ!"

TaeHyung က JungKook လက်ကိုအမြန်ဖြုတ်ချကာ သူ့အကျႌကိုနှမြောတသကြည့်လိုက်ပြီး JungKook ကို ဒေါသထွက်တဲ့မျက်နှာနှင့်ကြည်လိုက်သည်။

"ချစ်စရာလေး"

JungKook စကားကြောင့် TaeHyung မျက်နှာရဲတက်လာကာ

му ℓιттℓє ωσℓƒ (Completed)Where stories live. Discover now