(Unicode)
"အ! "
JungKook ညည်းတွားလိုက်ရင်း အိမ်ယာပေါ်ကနေထထိုင်လိုက်သည် ။ အပြင်ဘက်ကိုကြည့်တော့ မှောင်နေဆဲ ။ သူ့တစ်ကိုယ်လုံးတွင်ပတ်တီးအထပ်အထပ်ကနေရာယူထားသည် ။ အခုဆို ဒဏ်ရာတွေအရှင်းပျောက်လောက်ပြီ ။ ဒါပေမယ့် ခေါင်းကိုက်နေသေး၍ သူညည်းမိသည် ။
" T a e .."
အနားမှာဘယ်သူမှမရှိ ။ TaeHyung ကိုသာအားစိုက်ခေါ်မိသည် ။ လည်ချောင်းတွေမှာခြောက်ကပ်၍ နာကျင်နေသည် ။
" JungKook !!! သတိရလာပြီလား "
ရေဇလုံကိုင်ကာ ရေချိုးခန်းထဲကအပြေးထွက်လာတဲ့ TaeHyung ကြောင့်ပြုံးမိသည် ။
" Tae ကိုယ့်ကိုရေပေး "
"အင်း ..ဒီမှာ "
JungKook ကရေကိုတစ်ခါတည်းမော့ချလိုက်သည် ။ TaeHyung ကဖြေးဖြေးသောက်ဖို့ပြောရင်း ကုတင်ပေါ်တွင်တစောင်းထိုင်ကာ JungKook ကိုစူးစမ်းကြည့်သည် ။
" သက်သာလား ..ငါလေ မင်းတစ်ခုခုဖြစ်သွားပြီထင်ပြီး စိတ်ပူလိုက်ရတာ "
" ကိုယ်သိတယ် အခုကိုယ်သက်သာနေပြီပဲ လာပါဦး "
Tae ရဲ့ကိုယ်နွေးနွေးလေးကိုဖက်ထားလိုက်ပြီး ဆံပင်အိအိလေးတွေထဲသူ့နှာခေါင်းကိုနစ်မြှုပ်လိုက်သည် ။
" JungKook အခုအားလုံးအဆင်ပြေသွားပြီပေါ့နော် "
" ဒါပေါ့ အခုကိုယ်တို့မျိုးနွယ်စုတွေအေးချမ်းသွားပြီ "
" မင်းအရမ်းတော်တယ် ကလေးလေးတောင်အခုလိုအရွယ်ရောက်လာပြီပဲ "
TaeHyung ရဲ့လက်ချောင်းရှည်တွေနဲ့ JungKook ဆံပင်ကိုထိုးဖွလိုက်သည် ။
" ကလေးလေး ? ကိုယ့်ကိုပြောတာလား "
" ဟုတ်တယ်လေ မင်းက ကလေးလေးပဲဟာကို အခုမှအသက် ၂၀ အရွယ် ငါ့ထက်နှစ်ပေါင်းများစွာငယ်တယ် "
သူ့ကိုကလေးတစ်ယောက်ဆက်ဆံကာ သူ့ဆံပင်တွေကိုဖွနေတဲ့ TaeHyung လက်တွေကိုဖမ်းချုပ်လိုက်သည် ။
" ကျွန်တော်ငယ်ငယ်ကပြောခဲ့တာမှတ်မိလား "
" ဘာ ဘာပြောခဲ့လို့လဲ "