လူသတ်တရားခံ ရှာဖွေခြင်း (ဒုတိယပိုင်း)

6.2K 635 15
                                    

ညအမှောင်သည် ပိုရဲ့ နက်လာကာ တိတ်ဆိတ်နေလေသည်။

🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇

ဖန်ကျီကျင်းလည်း အိပ်ရာပေါ်မှာ အိပ်လို့မရသေးဘဲ ဟိုလူးဒီလွန့်နဲ့ ရှိနေလေသည်။

ခုလို ညအမှောင်ချိန်မျိုးမှာဆိုရင် အတိတ်ကအကြောင်းအရာတွေဟာ သူရဲ့အတွေးထဲသို့ မြစ်တစင်းအသွင် ဝင်ရောက်စီးဆင်းလာနေလေသည်။

ပုလုံချန်ရဲ့ အသံနဲ့ ပုံရိပ်တွေဟာ လောလောလတ်လတ်ကို သူ့ဘေးနားမှာ မြင်နေကြားနေရသလိုပင်။ သို့သော်လည်း သူ့အနေနဲ့ နောက်တကြိမ် အစစ်အမှန် ဘယ်သောအခါမှ ပြန်မြင်ရတော့မည်မဟုတ်ပေ။

တစုံတယောက်က မိမိ၏ နှလုံးအသည်းစိုင်ကို ဆွဲညှစ်ယူထားသလား ထင်ရလောက်အောင် အသက်ရှုရပါ ကြပ်လာသည်။

ဘုတ်.............

ကျောက်ခဲလေးတလုံး မှန်ကူကွက်ဖော်ထားသော ပြတင်းပေါက်ဘောင်ကို လာရောက်ထိခတ်သံ။

ဖန်ကျီကျင်း စောင်ကို ကန်ထုတ်လိုက်ပြီး ဝတ်ရုံဆွဲခြုံလိုက်ကာ ထလာခဲ့သည်။

ပြတင်းပေါက်မှာ တဝက်တပျက်ပွင့်နေသည်။ လရောင်ရဲ့ မှိန်ဖျော့တဲ့ အလင်းတန်းသေးလေးဟာလည်း အခန်းထဲသို့ရော သူ့အပေါ်ကိုပါ ဖြာကျလျက်ရှိပြီး မြေပြင်တွင် အရိပ်ထင်နေလေသည်။ သူလည်း ပြတင်းပေါက်ဆီ သွားလိုက်ပြီး လရောင်ရဲ့အောက်မှာ လူရိပ်တခုဟာ သူ့ကို နောက်ကျောပေးထားပြီး ရေချိုးနေသည်ကို တွေ့ရသည်။ စည်းနှောင်ခြင်း မရှိတဲ့ ဆံနွယ်ရှည်တွေဟာ လရောင်အောက်မှာ ငွေရောင်တောက်နေလေသည်။

"ဂိုဏ်းတူညီလေးလား"

ဖန်ကျီကျင်း တိုးလျစွာခေါ်ပြီး မရေမရာနှင့် ကြည့်လိုက်လေသည်။

ရှီကျီကျုံလည်း ဖြည်းညင်းစွာ ခေါင်းစောင်းကြည့်လာလေသည်။

ရှီကျီကျုံဟာ ကြည့်ကောင်းတဲ့ အမျိုးသားငယ်တယောက် မဟုတ်ပါချေ။ နှာယောင်ကောက်ကောက်၊ မေးရိုးရှည်ရှည်နှင့် ချွန်သောမျက်နှာကျပုံတို့ကို လရောင်အောက်တွင် အထင်အရှားတွေ့နေရသည်။ သူ့အသက်ဟာ ၁၆နှစ်သာ ရှိနေသေးပေမယ့်လို့ ၃၆နှစ်အရွယ် လူတယောက်အလား ထင်မှတ်ရလေသည်။ သူရဲ့တကိုယ်လုံးတွင် အသက်ကြီးသည့်လူများတွေတွင်သာ တွေ့နိုင်သည့် မြဲမြံခြင်းဆိုသောအရာကို တွေ့မြင်နိုင်လေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now