ရစ်ပတ်နွယ်သော ချစ်မေတ္တာ (စတုတ္ထပိုင်း)

4K 456 19
                                    

ဂွမ်းစောင်နှင့်ခင်းထားပါသော်လည်း တံစက်မြိတ်မှ အုတ်ကြွပ်ပြားများကြောင့် သူ့ကျောပြင်မှာ နာလျက်။

ဖန်ကျီကျင်း လက်နှစ်ဖက်ကို ခေါင်းအုံးကာ ညရဲ့ကောင်းကင်ကြီးကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

တံစက်မြိတ်အောက်မှာတော့ ဟွာဟွမ်ရှိုသည် မပီဝိုးတဝါးတေးတပုဒ်ကို ညည်းလျက် အိပ်ရာပြင်နေလေသည်။ သူ့ကြည့်ရတာ စိတ်ကောင်းဝင်နေပုံပဲ။

ဟွာဟွမ်ရှိုရဲ့ စိတ်ကောင်းဝင်မှုတွေ ကူးသွားသည်လား မပြောတတ်၊ ဖန်ကျီကျင်းလည်း အလိုလို နှုတ်ခမ်းကွေးကာ ပြုံးမိလေသည်။

မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများသည် ဟိုတစသည်တစ ပျံ့ကျဲလျက်။ လရောင်၏တောက်ပမှုကို မတွေ့ရ။ ထို့ကြောင့်ပင် ကောင်းကင်တခွင်သည် ပိုမိုကျယ်ပြောကာ အကန့်သတ်မဲ့နေလေသည်။

ဖန်ကျီကျင်း မျက်လုံးများကို မှိတ်လိုက်လေသည်။ သူယခုကဲ့သို့သော ငြိမ်သက်အေးချမ်းမှုမျိုးကို သူ့မိဘတွေဆုံးပြီးကတည်းက မရတော့သည်မှာ အချိန်တော်တော်ကြာကြာလေပြီ။

သို့သော်လည်း သိသိသာသာကိုပဲ တချို့သောလူတွေသည် မိမိငြိမ်သက်အေးချမ်းနေသည်ကို မလိုလားကြပါလားနော်။

အေးမြသောလေသည် မိမိထံသို့ ညင်သာသောခြေသံများကို သယ်ဆောင်လာပေးသည်။

သူ မျက်လုံးဖွင့်လိုက်ကာ တိတ်တိတ်လေးရပ်လိုက်ပြီး သူတို့တည်းခိုရာနေရာသို့ တရွေ့ရွေ့နှင့် ချဉ်းကပ်လာသော အရိပ်သဏ္ဌာန် ၇ခုကို တွေ့နေရလေသည်။

လုပ်ကြံရေးဂိုဏ်း၏ လူသတ်သမားများမှာ ရွှယ်ထူခန်းမဂိုဏ်းကလူတွေလောက်လည်း သိုင်းပညာအဆင့်အတန်းကမရှိ၊ လန်းရန်အဖွဲ့ကြီးမှ လူများလောက်လည်း ဝိဉာဉ်ထိန်းချုပ်နိုင်စွမ်းကလည်းမရှိကြသော်လည်း သူူတို့သည် ဇွဲရှိသည့်နေရာတွင်တော့ ထိပ်တန်းပင်။ ဘယ်လောက်ပဲ သေသေကြေကြေ သူတို့ရည်ရွယ်ချက်မပြည့်မချင်း ဘယ်တော့မှ အရှုံးမပေးကြ။

ဖန်ကျီကျင်းကြည့်နေသည်ကို သိလိုက်ရသော်ကြောင့် လုပ်ကြံသူများသည် လူစုခွဲလိုက်ကာ ဖန်ကျီကျင်းထံသို့ ထောင့်၇ထောင့်မှ ဝင်လာကြလေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now