လူသတ်တရားခံ ရှာဖွေခြင်း (တတိယပိုင်း)

4.8K 557 10
                                    

ဤအပိုင်းမှစကာ ရှမ့်ကွမ်း၏အမည်ကို မပြင်နိုင်တော့၍ ရှောင်ကွမ်းအနေဖြင့်သာ ဖတ်ကြပါကုန်သော်

🍀🍀🍀🍀🍀🍀

ဖန်ကျီကျင်းနှင့် အခြားလူများ တိုက်ခိုက်ခံရပြီးပြီးခြင်း ဟွာဟွမ်ရှိုတယောက် အလည်ပတ်ရောက်ရှိလာလေသည်။ ဒီဟာက သွေးရိုးသားရိုးလား။ တိုက်ဆိုင်မှုသပ်သပ်ပဲလား ဆုန်းဘော်လင်မသိသော်လည်း သူတို့ကြားမှာ အချိတ်အဆက်တွေများ ရှိနေသလားလို့ သံယရှိနေလေသည်။

ဆုန်းဘော်လင်ဟာ တခနမျှ ဆက်စပ်စဉ်းစားတွေးခေါ်ပြီးနောက်တွင်မူ ယုံကြည်စိတ်ချရသော ငယ်သားတအောင်အား ဟွာဟွမ်ရှိုကို အိမ်တော်၏ ခန်းမဆောင်သို့ ခေါ်ဆောင်သွားစေရန် ညွှန်ကြားလိုက်လေသည်။ တဖက်မှာတော့ သူသည် ဖန်ကျီကျင်းနှင့် မောင်နှမတစုကို ဧည့်ခန်းအတွင်းသို့ ခေါ်သွားလေသည်။

သူဟာ အတွေးပေါင်းများစွာနှင့်အတူ အခြားသူများ၏ အမူအရာများကို သတိမထားမိဘဲနှင့် တံခါးကို တွန်းဖွင့်လိုက်ကာမှ ရရှိလာသော ပေါင်ဒါနံ့ကြောင့် အသိပြန်ကပ်လာလေသည်။

သူခေါင်းမော့ကြည့်လိုက်သောအခါ အပေါ်တွင် အမျိုးသမီး အတွင်းခံနှစ်ထည် လှမ်းထားသည်ကို တွေ့ရပြီး သူသည် ထိုအောက်တည့်တည့်တွင် အသေအချာကို ရပ်မိနေလေသည်။

သူလည်း ဒေါသနှင့် ရှက်ရွံ့မှု ရောထွေးက လွှတ်ခနဲ အော်ချပစ်လိုက်လေသည်။
"ဒါကြီးက ခုဘယ်သူနေနေတာလဲ....."

ရှောင်ကွမ်း သင်းနင်လည်း လုံးလုံးလျားလျားကို ရှက်သွားကာ ငိုချတော့မတတ်ပင်။ သို့သော်လည်း သူမသည် ထိုအဝတ်များကို ဆွဲရုတ်ကာ တိုးတိုးလေး ပြောလေသည်။ "ဘထွေးတော် ဒါ ဒါ သမီးရဲ့အခန်းပါ"

"နင့်အခန်း၊ နင့်အခန်း၊ နင့်............"
ဆုန်းဘော်လင်လည်း သူမကို ဆူပူချင်သော်လည်း စကားလုံးရှာမရချေ.... ထို့ကြောင့်သူသည် အသက်ကိုသာ ပြင်းပြင်းရှုလိုက်ပြီး
"နင်က ဘာလို့ တံခါးကို သေချာမပိတ်ထားတာလဲ"

ရှောင်ကွမ်း သင်းနင်လည်း ကြောက်ကြောက်နှင့် ဖြေလိုက်လေသည်။
"သမီးလည်း ပိတ်ထားတာပဲလေ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now