မသိရသေးသော အမှန်တရား (ဒုတိယပိုင်း)

3.1K 451 15
                                    

ဟွာဟွမ်ရှို ကျီစယ်လိုက်ကာ

"မင်းလုပ်နေတဲ့ပုံစံကလဲ ငါ့မှာ မိသားစုအကြီးထဲက မိန်းမပျိုလေးကို အတင်းဗလက္ကာရလုပ်နေတာကျနေတာပဲ၊"

"အကိုတော်" ဖန်ကျီကျင်း တုန့်ဆိုင်းဆိုင်းနှင့် ပြောလေသည်။

"ဒီလိုတွေ မလုပ်ပါနဲ့တော့"

"ဒီလိုတွေ?" ဟွာဟွမ်ရှို ဖန်ကျီကျင်းရဲ့ အမူအယာလေးကို စိတ်ဝင်တစား ဖြစ်သွားလေသည်။ ထို့နောက်တွင် ဖန်ကျီကျင်းရှေ့သို့ တလှမ်းတိုးပြီး မေးဖျားလေးကို စိတ်မထိန်းနိုင်စွာ ဆွဲကိုင်လိုက်ကာ

"ဒါမှမဟုတ် ဒီလိုလား?"

ဖန်ကျီကျင်း ခေါင်းမော့လိုက်ရလေသည်။

ဟင်၊ အံ့သြစရာပဲ၊ ဖန်ကျီကျင်းရဲ့ မျက်လုံးတွေထဲမှာ အကြည်ရောင်အရည်လေးတွေ ရွှန်းလဲ့နေပါလား။

ခုလို ကြည်လဲ့နေတဲ့ မျက်လုံးလေးနှင့် ရဲတွတ်နေတဲ့ မျက်နှာလေးတို့ ပေါင်းလိုက်တော့ သူ့ပုံစံလေးက ပန်းသီးလေးလိုပဲ၊ ချစ်စရာလေး၊ ကိုက်စားပစ်ချင်စရာ.........

ရင်ဘတ်ကို တယောက်ယောက်က အားပြင်းပြင်းနဲ့ ထိုးချလိုက်သလိုပဲ အောင့်သွားတာပဲ။ ဒီငါ့ရှေ့ကကောင်လေးကို ကောက်မပြီး ဝါးစားပစ်ချင်လာပြီ။

ဖန်ကျီကျင်း ရုတ်တရက် ခေါင်းလှည့်ကာ သူတို့လာရာလမ်းအတိုင်း ကြည့်လိုက်ပြီး ပြောလေသည်။

"အကိုတော်၊ တယောက်ယောက်လာနေပြီ"

ဟွာဟွမ်ရှိုလည်း အကြည့်မလွှဲချင်လွှဲချင်နှင့် လွှဲလိုက်ရကာ

"ငါတို့ အခုထိ အဝတ်အစားတွေမှ မချွတ်ရသေးတာ၊ ဘာတွေကို စိုးရိမ်နေတာလဲ ဟင်"

ဖန်ကျီကျင်းလည်း ဟွာဟွမ်ရှိုဖိနပ်ထိပ်နဲ့ မိမိဖိနပ်ထိပ်တို့ ထိနေသည့် နှစ်ဦးကြားအကွာအဝေးကို ကြည့်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားလေသည်။

"မင်းရပ်နေတာက အရမ်းနီးလွန်းနေတာလေ"

"မင်းရော ငါရောက ယောက်ျားတွေပဲဟာ၊ နီးနီးရပ်ရပ် ဝေးဝေးရပ်ရပ် ဘာဖြစ်လဲ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now