ရစ်ပတ်နွယ်သော ချစ်မေတ္တာ (ဒုတိယပိုင်း)

3.8K 458 24
                                    

လက်တဖက်။ ထိုလက်တဖက်သည် မိမိအား သူ့ရင်ခွင်ထဲသို့ ခိုင်ခိုင်မာမာ ဆွဲထည့်လိုက်သည့်လက်တဖက်။ တဒင်္ဂအတွင်း ဓားချင်းထိခတ်သံများ နာကြင်အော်ဟစ်သံများ ဆူညံလျက်။

အသက်ရှင်ကျန်နေတဲ့ လူ ၄ယောက်သည် မြေပြင်တွင် လဲကျသေဆုံးနေသော အလောင်း ၃လောင်းကို ကြည့်ကာ တုန်လှုပ်လျက်။ လရောင်၏အောက်တွင် ရေခဲတမျှအေးစက်နေသော ထိုမျက်လုံးတစုံအား ကြည့်လျက်။

🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

ဟွာဟွမ်ရှို မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်နောက်တွင် မိမိနှင့် အလွန်နီးကပ်သော အနေအထားတွင်ရှိနေသည့် မျက်နှာတခုကို တွေ့လိုက်ရလေသည်။ သူ မျက်တောင်များ တဖျတ်ဖျတ် ပုတ်ကာ ကြည့်မိနေလေသည်။

အချိန်မှာ တလကျော်လောက်သာ ရှိသေးသော်လည်း သူ့စိတ်ထဲမှာတော့ နှစ်ပေါင်းထောင်ချီကြာနေပြီဟု ထင်မိလေသည်။ ထိုမျက်နှာသည် မိမိမျက်လုံးမှိတ်ထားလျှင်တောင် အလွတ်ရနေမည့် မျက်နှာ။ ကြည့်နေတဲ့အချိန်မှာတောင် မိမိ၏နှုတ်ဖျားမှ ထိုသူ၏အမည်ကို မခေါ်နိုင်။ မခေါ်နိုင်ရခြင်းမှာ မေ့နေ၍မဟုတ်ဘဲ မေ့ပစ်ဖို့ကြိုးစားတိုင်း တဆစ်ဆစ်နဲ့ နာကြင်ရသောကြောင့်ပင်။

ဟွာဟွမ်ရှိုကို သူ့ရင်ခွင်ထဲတွင် ဖက်ထားရင်း ဖန်ကျီကျင်း ရှေ့တည့်တည့်ကို ဂရုမစိုက်သလိုကြည့်ကာ

"မင်းတို့ အရင်စမှာလား ငါပဲအရင် စရမှာလား"

လုပ်ကြံသူများ တယောက်နှင့် တယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်မိကြလေသည်။ ပြီးနောက်တွင် သူတို့အားလုံး တပြိုင်နက်ထဲ ခုန်ဝင်လာကြလေသည်။

ဓား ၄လက်သည် ဖန်ကျီကျင်းအား ထောင့် ၄ထောင့်မှ ဝိုင်းတိုက်ကြလေသည်။

ဟွာဟွမ်ရှိုသည် ပုလုံလျန်ကို သတ်သည့်တရားခံမှာ ဖန်ကျီကျင်းဖြစ်သည်ကို သိလိုက်ရကတည်းက ဖန်ကျီကျင်း၏ သိုင်းပညာအဆင့်အတန်းကို မိမိ ချွင်းချက်မရှိ ယုံကြည်လေသည်။

အေးစက်သောရောင်စဉ်တသွယ် ဖြတ်သန်းသွားလေသည်။

လုပ်ကြံသူတို့မှာ ဖန်ကျီကျင်း၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရခင်မှာပင် သူတို့၏လည်ပင်းတွင် အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရလေသည်။ ထို့နောက်တွင်မူ သူတို့ကိုယ်မှသွေးများ မြေပြင်သို့ မြင်မကောင်းအောင်ပင် လျှံထွက်လာလေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now