ရစ်ပတ်နွယ်သော ချစ်မေတ္တာ (တတိယပိုင်း)

3.5K 433 19
                                    

ဒီတခါသည် လူသတ်သမားများ သူ့နောက်ကို စလိုက်ကတည်းက ပထမဆုံး ဣန္ဒြေရရချိုးရသည့် ရေပူကန်ပင်။ ရေနွေးနွေးက ထိတွေ့လာသော အလွန်သက်တောင့်သက်သာဖြစ်သည့် ခံစားမှုကြောင့် ဟွာဟွမ်ရှို ကိုယ့်ကိုယ်ကို ရေထဲသို့ တကိုယ်လုံးနှစ်ထားလိုက်လေသည်။

ရုတ်တရက် တံခါးသည် ကျွီခနဲမြည်ကာ အတွင်းသို့ ပွင့်လာလေသည်။

ဟွာဟွမ်ရှို ခန္ဓာကိုယ် ချက်ချင်း တောင့်သွားလေသည်။ သူ တံခါးမှ မည်သူဝင်လာသည်ကို စိတ်ဝင်တစားကြည့်လျက်။

လုပ်ကြံရေးဂိုဏ်းက လူများလား။

ဒါမှမဟုတ်......

ရေအောက်မှာရှိနေသော မိမိ၏ နှလုံးခုန်သံမှာ အကြမ်းပတမ်းနိုင်လာလေသည်။

လက်တဖက်သည် စားစရာများအပြည့်ပါသော လင်ဗန်းတချပ်ကို ကိုင်လျက်။ ထို့နောက်တွင် နောက်တဖက်မှလည်း အခြားစားစရာများပါသော လင်ဗန်းကို ကိုင်လျက်။ ထိုအရာတွေရဲ့နောက်မှာတော့ ဝင်လာသူမှာ ဖန်ကျီကျင်း။

"မင်း၊ အထဲကို ဘယ်လိုဝင်လာတာလဲ"

ဖန်ကျီကျင်း သူ့ခြေထောက်ကို မြှောက်ပြလိုက်ကာ

"တံခါးကို ကန်ပြီး ဝင်လာတာလေ"

"ငါ မေးနေတာ အဲဒါမဟုတ်ဘူး၊ ငါမေးတာက............"

ဟွာဟွမ်ရှို ချက်ချင်းပဲ ဗလာကျင်းနေသော မိမိခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိလေသည်။ ခြေထောက်မှစကာ ခေါင်းထိပ်သို့ သွေးတို့ဆောင့်တိုးလေသည်။ ထို့ကြောင့်ပင် သူ၏ ဖျော့တော့ကာ ပိုးသားလို နူးညံ့အိစက်သော အသားအရည်လေးမှာ ပန်းသွေးရောင် သန်းလာလေသည်။

ဖန်ကျီကျင်း လင်ဗန်းကို ချကာ ဟင်းပွဲများကို တပွဲပြီးတပွဲ ခုံပေါ်သို့ တင်နေလေသည်။

"အကိုတော်၊ ဝက်သားနှပ် ဒါမှမဟုတ် ကြက်သားပေါင်းတွေ ကြိုက်လား"

"ဒီမှာ ဝက်သားနှပ် ရှိလို့လား"

ဟွာဟွမ်ရှို ချက်ချင်းပဲ မိမိဘေးနားရှိစင်တွင် ချိတ်ထားသော အင်္ကျီဆီသို့ လက်လှမ်းလိုက်လေသည်။ သူ့ရှေ့မှာ ကိုယ်တုံးလုံးနေတာထက်စာရင် ကန်ထဲမှာပဲ အဝတ်ရေစိုစိုကို ဝတ်ထားရတာ ပိုကောင်းပါတယ်လေ။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now