မသိရသေးသော အမှန်တရား (သတ္တမပိုင်း)

2.8K 429 10
                                    

‌နောက်တနေ့မနက်တွင်.........

ဖန်ကျီကျင်း သူ့အခန်းမှထွက်လိုက်သည်နှင့်တပြိုင်နက် အထုတ်အပိုးတွေနှင့် ဟွာဟွမ်ရှိုကို အခန်းရှေ့ကွင်းပြင်တွင် ရပ်လျက်တွေ့လိုက်ရလေသည်။ သူသည် လက်များကို နောက်ပစ်လျက် ဖန်ကျီကျင်းကို ကျောခိုင်းကာ ရပ်နေလေသည်။

"အကိုတော်" ဟွာဟွမ်ရှို၏ပခုံးပေါ်က အထုတ်အပိုးတွေကို တွေ့လိုက်ရကာမှ ဖန်ကျီကျင်းသက်ပြင်းချနိုင်လေသည်။ သို့သော် တချိန်ထဲမှာပဲ သူသည် စိတ်မချမ်းသာမှုကိုလည်း မလွဲဧကန်ခံစားလိုက်ရလေသည်။

ဟွာဟွမ်ရှို လှည့်ကြည့်လေသည်။ သူ၏ တည်ငြိမ်ချောမောလွန်းသော မျက်နှာလေးမှာ အခုတော့ ရေခဲတမျှ အေးစက်လျှက်။ သူသည် ဖန်ကျီကျင်းကို လက်ညှိုးကွေးပြပြီး ခေါ်လေသည်။

"လာဦး"

ဖန်ကျီကျင်းရဲ့မျက်လုံးများမှာလည်း သံသယကြောင့် မှေးစင်းသွားလေသည်။

ဟွာဟွမ်ရှိုလည်း သူ့အား မျက်လုံးမှေးကာပြန်ကြည့်လေသည်။ ထိုအကြည့်သည် မိမိအား အပြတ်အသတ်အနိုင်ယူတော့မည့်ပုံပင်။

ဖန်ကျီကျင်းလည်း မတတ်နိုင်ဆိုသော သဘောပါသည့် သက်ပြင်းချကာ ဟွာဟွမ်ရှိုဆီသို့ ကျိုးကျိုးနွံနွံလျှောက်သွားလိုက်လေသည်။

ဟွာဟွမ်ရှိုသည် သူရှေ့သို့ ရောက်လာသည်ကိုပင် မစောင့်တော့ဘဲ ရုတ်တရက် သူ့လက်ကို လွှဲကာ ဖန်ကျီကျင်း၏ပါးအား ရိုက်ချလိုက်လေသည်။

ဒီအပြုအမူဟာ ဟွာဟွမ်ရှိုအတွက် အတော်မြန်မြန်လှုပ်ရှားလိုက်ခြင်းဖြစ်သော်လည်း ဖန်ကျီကျင်းအတွက်မူ သူလက်ကို စပြီးမြှောက်လိုက်ချိန်ထဲက မြင်ပြီးဖြစ်သောကြောင့် ချက်ချင်းပဲ သူ့လက်ကို မြှောက်ကာ ဟွာဟွမ်ရှို၏ လက်ဝါးကို ကာထားပြီးသားပင်။

ဟွာဟွမ်ရှို သူ့အား စူးစူးဝါးဝါးစိုက်ကြည့်လေသည်။

ဖန်ကျီကျင်းလည်း ပြန်ကြည့်လိုက်ကာ အသနားခံသောအသံဖြင့် ခေါ်လေသည်။

"အကိုတော်"

ဟွာဟွမ်ရှို မျက်ခုံးကို ပင့်လိုက်သော်လည်း သူ့အကြည့်ကတော့ နည်းနည်းမှ အားလျော့မသွားပါ။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now