လူသတ်တရားခံ ရှာဖွေခြင်း (ဆဌမပိုင်း)

3.3K 485 14
                                    

ကျိုဟွာဂိုဏ်း၏ စည်းမျဉ်းမှာ ဤကဲ့သို့ ဖြစ်သည်။
"ညီအကိုတွေဆီသို့ မဟုတ်ဘဲ ဂိုဏ်းသားတွေဆီသို့ လက်လွှဲပါ" ဟူ၍ပင်။

အကယ်၍ ကွမ်ရှင်း၊ ကျူလျောင်သာ့ နဲ့ ရှီကျီကျုံ တို့သာ ဆရာသခင်ကို သတ်တဲ့တရားခံများဖြစ်နေလျှင် မိမိနှင့် ရှောင်ကွမ်း သင်းနင်သည် ပုလုံလျန်၏ ကျန်ရှိနေတဲ့ ဂိုဏ်းသား နှစ်ယောက်ပင်။ ရှောင်ကွမ်း သင်းနင်မှာ အမျိုးသမီး ဖြစ်ပြီး ဖန်ကျီကျင်းအောက် အငယ်လဲ ဖြစ်ပြန်သည်။

အရင်က "ယောက်ျားတွေဆီသို့သာ လွှဲပြောင်းပါ၊ မိန်းမတွေဆီသို့ မလွှဲပြောင်းပါနှင့်" ဟူသော စည်းမျဉ်းမထားရှိသော်လည်း ကျိုဟွာဂိုဏ်း၏ သမိုင်းတလျှောက်တွင် အမျိုးသမီး ဂိုဏ်းချုပ် မရှိခဲ့ဖူးချေ။ ဤအချက်များကို ထောက်ခြင်းအားဖြင့် ဖန်ကျီကျင်းသည်သာ ဂိုဏ်းချုပ်ရာထူးကို ဆက်ဆံရန် တဦးတည်းသောသူ ဖြစ်လေသည်။

"ဒါပေမယ့် မင်းကမှ နှစ်တထောင်အမြုတေကို မသင်ဖူးဘဲနဲ့"
အချိန်အကြာကြီး စဉ်းစားပြီးတော့ ထွက်လာသည့် ဟွာဟွမ်ရှို၏ အကြောင်းပြချက်ပင် ဖြစ်သည်။

ဖန်ကျီကျင်း ရှင်းပြလေသည်။
"နှစ်တထောင်အမြုတေရဲ့ သိုင်းကျမ်းမူကို ဘိုးဘွားခန်းမမှာ အမြတ်တနိုးထိန်းသိမ်းထားတာ၊ တကယ်လို့ ဂိုဏ်းချုပ်တယောက်ဟာ ဂိုဏ်းချုပ်အလောင်းအလျာကို မသတ်မှတ်ပေးရသေးဘဲ ကံခေမှုတခုခုသော်လည်းကောင်း သေဆုံးသွားခဲ့လေသော်လည်းကောင်း ဖြစ်ခဲ့ရင် ငါတို့က အဲ့ နှစ်တထောင်အမြုတေသိုင်းကျမ်းမူကို ထုတ်ယူကျင့်ကြံခွင့်ရှိတယ်"

ဟွာဟွမ်ရှို၏မျက်နှာ ငိုင်ကြသွားလေသည်။ ပထမတော့ သူ့ရဲ့ကျိုးကြောင်းထောက်ပြချက်တွေက အမှန်တရားဆီသို့ သွားရာလမ်းကို ရောက်အောင် တွန်းပို့နိုင်ခဲ့လေပြီဟု ထင်ခဲ့မိသော်လည်း ယခုမူ အမှန်တရားမှာ ပို၍ပင် မြူခိုးကြားထဲ နှစ်ဝင်နေလေသေးသည်။

သူနောက်တမျိုး တွေးလိုက်လေသည်။
"ဒါပေမယ့် အဲ့အချိန်တုန်းက မင်းမှ ကျိုဟွာဂိုဏ်းမှာ မရှိတာပဲ"

ဖန်ကျီကျင်း သူ့ကို လှမ်းကြည့်လိုက်ပြီး ပြောလေသည်။
"အခုပုံစံက ကြည့်ရတာ မင်းက ငါ့မှာ အပြစ်မရှိကြောင်း ရှင်းချက်ထုတ်နေတာကျနေတာပဲ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now