ရစ်ပတ်နွယ်သော ချစ်မေတ္တာ (ပထမပိုင်း)

4.1K 463 11
                                    

အိမ်ကိုပြန်ရောက်သော ပထမဆုံးတရက်မှာ လွတ်လပ်ပေါ့ပါးဖွယ်ရာပင်။ ဒုတိယနေ့မှာလည်း စိတ်လှုပ်ရှားဖွယ်ပင်။ သို့သော်လည်း တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့တို့ရောက်လာသည့်အခါတွင်တော့......

ကျီဝူးသီ ရေကန်လေးရှေ့တွင် ပျင်းတွဲ့တွဲ့ထိုင်နေကာ မြက်လက်တဆုပ်စာ လက်ထဲတွင် ကိုင်ထားလေသည်။ ထို့နောက် မြက်များကို တပင်ချင်း ရေကန်ထဲသို့ ပစ်ပေါက်နေလေသည်။

ယွမ်အောင်းချွယ်သည် ကျုံးယွီနှင့် သိုင်းပညာအတူတကွ ကျင့်ကြံပြီးသွားသည့်အခါ သူ့ဆီသို့ ကြည်ကြည်နူးနူးနှင့် လျှောက်လာလေသည်။ သူ ကျီဝူးသီ၏ ဆံပင်လေးကို ဖွလိုက်ကာ

"မင်း ဘာတွေလုပ်နေတာလဲ"

"ငါးတွေကို အစာကျွေးနေတာ"

ယွမ်အောင်းချွယ် သူ့လက်ထဲမှမြက်ပင်များကိုကြည့်ပြီးနောက် အလွန်တည်ငြိမ်နေသော ကန်ရေပြင်ကိုကြည့်ကာ ငါးနှင့်တပိုင်းမျှတူသောအရာ တွေ့လိုတွေ့ငြားရှာနေလေသည်။

"ဒါတွေစားပြီး ဘယ်နှကောင်တောင် သေသွားပြီလဲ"

"တကောင်မှ မသေပါဘူး"

ကျီဝူးသီ စိတ်ဓာတ်ကျကျနှင့် ဖြေကာ လက်ထဲမှမြက်ပင်များအားလုံးကို ကန်ထဲသို့ ပစ်ချလိုက်လေသည်။

ယွမ်အောင်းချွယ် မေးလေသည်။

"အင်းးး ဟွေ့ဟွမ်ဂိုဏ်းမှာ လုပ်စရာဆိုလို့ ဒါပဲရှိတာလား"

ကျီဝူးသီ မေးလေးထောက်လိုက်ကာ

"လုပ်ကြံရေးဂိုဏ်းက အခုချိန်လောက်ဆို သူတို့လုပ်စရာရှိတဲ့ လုပ်ကြံမှုကို လုပ်နေကြလောက်ပြီ၊ သူတို့ဘာလို့များ ဒီလိုတွေ သတ်ရဖြတ်ရတာကို မတင်းတိမ်နိုင်ရတာလဲ မသိဘူးနော်"

"ဘယ်လိုဂိုဏ်းအသစ်ပဲဖြစ်ဖြစ် သူတို့ဂိုဏ်းက လုပ်နိုင်စွမ်းရှိချင်ကြတယ်လေ၊ ဒါပေမယ့်လည်း အဲလိုလုပ်နိုင်စွမ်းရှိဖို့က အချိန်မှန်၊ နေရာမှန်၊ လူမှန်မှပဲ ဖြစ်မှာ၊ ရွှယ်ထူခန်းမကိစ္စကို ဖြေရှင်းပြီးပြီဆိုပေမယ့်လည်း လုပ်ကြံရေးဂိုဏ်းအနေနဲ့ နောက်အသစ်တခုထပ်ဖြစ်အောင် လုပ်ကြဦးမှာပဲ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now