လူသတ်တရားခံ ရှာဖွေခြင်း (ပဉ္စမပိုင်း)

3.9K 560 23
                                    

ဖန်ကျီကျင်းသည် သူပြောခဲ့သလိုပင်။ နောက်တနေ့တွင် ကွမ်ရှင်းနှင့် အခြားလူများအား အသေးစိတ်အချက်များကို မေးမည်ဟု ပြောခဲ့သလိုပင် ယခု မေးနေလေချေပြီ။

ဟွာဟွမ်ရှိုတယောက် မနက်စာ စားပြီးလုနီးပါးဖြစ်နေတဲ့အချိန်တွင် ကျူလျောင်သာ့သည် ဒေါသအမျက် ချောင်းချောင်းထွက်လျက် ဖန်ကျီကျင်းအား ကြည့်နေလေသည်။

ကွမ်ရှင်းနှင့် ရှီကျီကျုံတို့ကတော့ ဘေးနားတွင် အသံတိတ်ထိုင်နေလေသည်။

ရှောင်ကွမ်း သင်းနင်သည် ကျူလျောင်သာ့ နောက်တွင် စိုးရိမ်တကြီး ရပ်ကြည့်နေလေသည်။ သူမဟာ သူ့ကို ဆွဲထားချင်သော်လည်းပဲ တချို့သော သံသယတွေကြောင့် တုံ့ဆိုင်းနေလေချေသည်။

ဖန်ကျီကျင်းလည်း အလေးအနက် ပြောလေသည်။
"ဒုတိယအကိုကြီး၊ ကျေးဇူးပြုပြီးတော့ အဲ့အချိန်တွေတုန်းက အကိုဘယ်နေရာ ရှိနေခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပေးပါလား၊ အဲဒါမှ အကို့ကို သံသယဝင်နေတာကနေ လွတ်မှာပေါ့"

ကျူလျောင်သာ့ မထီတရီ ပြုံးလိုက်ပြီး
"အဲတော့ မင်းပြောချင်တာက ငါက အဲတုန်းက ဘယ်မှာ ရှိနေလဲဆိုတာ မပြောပြဘူးဆိုရင် ငါက ဆရာသခင်ကို သတ်တဲ့ လူသတ်တရားခံပဲလို့ မင်းက ဆိုလိုချင်တာလား"

"ကျွန်တော် အဲလိုပြောတာ မဟုတ်ပါဘူး"
ဖန်ကျီကျင်း စကားခနရပ်လိုက်သည်။ ပြီးနောက်
"ဒါပေမယ့် ဒုတိယအကိုကြီး ဘယ်နေရာမှာ ရှိခဲ့တယ်ဆိုတာကိုတော့ ပြောပြရပါမယ်"

ကျူလျောင်သာ့ ဒေါသထွက်လာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားလေသည်။
"တယောက်ကို သတ်ကိုသတ်ရမယ့်အကြောင်း ရှိနေခဲ့ရင်၊ ဘာကြောင့် ငါက ဆရာသခင်ကို သတ်ပစ်ရမှာလဲ"

"အမှန်ပဲ၊ ဘာလို့လဲ"
ဟွာဟွမ်ရှို ပုံမှန်အတိုင်း လျှောက်လာပြီး ကျူလျောင်သာ့ ရှေ့တွင် ရပ်လိုက်လေသည်။ သူသည် ကျူလျောင်သာ့ကို အသေအချာ စိုက်ကြည့်လိုက်ပြီး မေးလေသည်။
"ဒါဆို ဘာကြောင့် သူက သေသွားရတာလဲ"

"ငါ ဆရာ့ကို မသတ်ခဲ့ဘူး" ကျူလျောင်သာ့ စကားလုံးတွေကို တလုံးချင်း ပြောလိုက်လေသည်။

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now