လူသတ်တရားခံရှာ‌ဖွေခြင်း (သတ္တမပိုင်း)

3.2K 460 25
                                    

ဖန်ကျီကျင်း ပြောလိုက်သည်။
"အကိုတော်၊ ဒီဟာက ကျိုဟွာဂိုဏ်းရဲ့ ကိစ္စပါ၊ ဘာပဲဖြစ်ဖြစ် အကိုက ဟွာမိသားစုက.........."

"ကျိုဟွာဂိုဏ်းရဲ့ ကိစ္စ??"
ဟွာဟွမ်ရှို ပြောလေသည်။
"ခု ကျိုဟွာဂိုဏ်းက ရှိရှိသမျှလူအကုန်က သံသယရှိခံရတဲ့သူတွေချည်းပဲလေ၊ အဲတော့ ဒီကိစ္စကို ဘယ်သူက စုံစမ်းပေးမှာလဲ"

"ကျွန်တော်..........."
ဖန်ကျီကျင်းသည် သူစုံစမ်းမှာပေါ့ဟု ပြောလိုက်မည် ပြင်စဉ်တွင် ဟွာဟွမ်ရှို ကြားဖြတ်ကာ ပြောလေသည်။
"မမေ့လိုက်နဲ့၊ ငါ့ရဲ့ နောက်ဆုံးကောက်ချက်အရဆိုရင် မင်းက လူသတ်တရားခံ ဖြစ်နိုင်တဲ့လူတွေထဲမှာ အကြောင်းရင်း အခိုင်လုံဆုံးပဲဆိုတာ"

ဖန်ကျီကျင်း အူတူတူ ပြန်ပြောလေသည်။
"ဒါပေမယ့် အကိုပဲ ခုနက သက်သေခံပေးပြီး....."

ဟွာဟွမ်ရှို မျက်လုံးမှေးကြည့်လိုက်ကာ မေးလေသည်။
"အဲဒီတော့ မင်းက အရိပ်နေနေ အခက်ချိုးချိုး လုပ်ချင်တာလား၊ ဒါမှမဟုတ် အဲ့ ယင်ရှန်ဂိုဏ်းက လူကိုပဲ မင်းအတွက် သက်သေခံပေးစေချင်တာလား"
ဟွာဟွမ်ရှို စကားကို တိခနဲ ဖြတ်လိုက်လေသည်။

ဖန်ကျီကျင်း သူ့ကို အံ့သြတကြီးငေးကြည့်ကာ
"အကိုတော်၊ မင်း........"

ဟွာဟွမ်ရှို၏ ရှက်ရွံ့မှုတွေဟာ ဒေါသအဖြစ် ပြောင်းသွားကာ
"မင်းနဲ့ အဲ့ ကျောင့်ဖုန် ဆိုတဲ့ကောင်နဲ့ ဘယ်လိုအနေအထား ဆက်ဆံရေးတွေရှိလည်းဆိုတာ ငါစိတ်မဝင်စားဘူး"

သို့သော် ဖန်ကျီကျင်း ရှင်းပြလေသည်။
"ကျွန်တော်တို့က တခရီးထဲ သွားတဲ့ ခရီးသွားဖော်တွေသပ်သပ်ပါပဲ"

ဟွာဟွမ်ရှိုသည် ဖန်ကျီကျင်း၏ စကားကို ယုံသင့်မယုံသင့် စဉ်းစားနေဟန်ဖြင့် သူ့အား ကြည့်နေလေသည်။

ဖန်ကျီကျင်းလည်း ဟွာဟွမ်ရှို စိတ်ရှိသလောက် ကြည့်စေဟုပင် စိတ်ဆုံးဖြတ်ကာ မတ်တပ်ရပ်နေလေသည်။

တခနမျှကြာ ကြည့်ပြီးနောက်တွင် ဟွာဟွမ်ရှို စိတ်ကျေနပ်သွားကာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ကျိုဟွာဂိုဏ်းက ဂိုဏ်းချုပ်ကို သတ်တဲ့ လူသတ်သမားကို ရှာချင်နေပြီး ငါလည်း ဒီကနေထွက်သွားချင်တယ်ဆိုရင် မင်းရဲ့ဆရာသခင်ကိုသတ်တဲ့လူကို တတ်နိုင်သမျှ မြန်မြန် ရှာရတော့မှာပဲ"

ကောင်းကင်ယံက ပန်းပွင့်များ (Myanmar Translation)Where stories live. Discover now