🐣❤️🐻

1.8K 177 4
                                    

(Unicode)

တနင်္ဂနွေနေ့ဖြစ်၍ ဂျုံအင်နီးလေးမှာ ချန်းယောလ်တို့အတွဲနှင့်အတူ ရုပ်ရှင်ရုံသွားရန် ပြင်ဆင်နေရသည်။

အစောကြီးထရသည်မို့ စိတ်ကသိပ်မကြည်။

ချန်းယောလ်တို့အတွဲကို စောင့်ရင်း မှေးခနဲအိပ်
ပျော်သွားပေမဲ့ ချန်းယောလ်လီရဲ့ ခုနှစ်အိမ်ကြားအသံ
ကြီးကြောင့် ဂျုံအင်နီးလေးမှာ ဘုရားတရား တကာ လန့်နိုးလာရသည်။

ကားနောက်ခန်းတွင် မျက်နှာကြီးစူပုတ်ကာ လိုက်
လာသော ဂျုံအင်နီးက အိပ်ရေးမဝသေးဟန်။

ရုပ်ရှင်မပြခင်အထိ ဆူပုတ်ပုတ်အနေအထားနှင့်
မျက်မှောင်ကြီးကျုံ့ထားလျက်။

ရုပ်ရှင်မစခင် ချန်းယောလ်တို့အတွဲက အတွဲခုံတွင် တစ်တီတူးကြည်နူးနေသည်က်ို နောက်မှကြည့်နေရ
သည့် ဂျုံအင်နီးရိုက်သတ်ချင်နေပြီ ဖြစ်သည်။

ရုပ်ရှင်ပြတော့လည်း အန်နာဘဲလ်မက ခဏခဏ
ရုတ်တရက်ထွက်လာလွန်းတော့ ဂျုံအင်နီးလေးမှာ အရှေ့ကအတွဲကိုပင် အာရုံမစိုက်နိုင်ဘဲ ဆောက်တည်ရာမရ။

အန်နာဘဲလ်မက ရုတ်တရက်ထွက်လာတိုင်း ဘေးနားက ခုံလက်တန်းပေါ်တွင် တင်ထားသော လက်မောင်း
ကြီးကိုကိုင်ရင်း ကွယ်ကွယ်ပြီးကြည့်ရ အော်ရသော
ဂျုံအင်နီးလေးဘဝမှာ ဆိုးရွားလှသည်။

ကြောက်လန့်နေတာကြောင့် ချန်းယောလ်လီ
လက်မောင်းလို့ထင်နေကာ သွားကိုင်ကိုင်မိသော
ဂျုံအင်နီးလေးမှာ ရုပ်ရှင်ကြည့်နေရင်း ရှေ့က အတွဲကို
အာရုံရောက်သွားသောအခါမှ ဘေးနားက
လက်မောင်းပိုင်ရှင်ကို အားတုံ့အားနာ လှည့်ကြည့်
မိသည်။

" အမလေး....မားမားရေ ဂျုံအင်နီးလေးကို ကယ်ပါဦး"

မျက်မှောင်ကြီးကျုံ့ကာ ဂျုံအင်နီးလေးမျက်နှာကို
စူးစိုက်ကြည့်နေသော အကိုကြီးတစ်ယောက်....

သူ့အကြည့်တွေအောက်မှာ ဂျုံအင်နီးလေးခမျာ
ယုန်သူငယ်လေးအလား ချွေးစီးများပင်ပြန်လာသည်။

" အကို့နာမည်က.....အိုဆယ်ဟွန်း"

" အရှေ့ခုံမှာထိုင်နေတဲ့ စီနီယာရိဖန်ရဲ့ သူငယ်ချင်း"

Romantic Boyfriend Where stories live. Discover now