🐣❤🐻

1.1K 140 3
                                    

(Unicode)

Fa ဘဝမှ လွတ်မြောက်ခြင်း❤

Hot Pot လုပ်စားသည့်နေ့က အဖြေပေးမိသော ဂျုံအင်နီးလေးခမျာ ကျောင်းရောက်တော့ စီနီယာဆယ်ဟွန်းကို ရှောင်ပြေးနေရသည်။

ဘယ်လောက်ပဲ ချစ်နေသည်ပြောပြော ဂျုံအင်နီးခမျာ ရှက်နေသည်ပင်။

အခုလည်း ကန်တင်းကိုမလာပါက အတန်းထဲထိ ပွဲလာကြမ်းမည့်ဟူသော စီနီယာဆယ်ဟွန်းကြောင့် ဂျုံအင့်ခမျာ မတတ်သာဘဲ အရဲစွန့်ကာ ကန်တင်းကို ချီတက်ရတော့သည်။

ကန်တင်းရောက်တော့ ချန်းယောလ်တို့ လင်လင်ကလည်း ခပ်တည်တည်ထိုင်နေလျက်။ စီနီယာအိုဆယ်ဟွန်းကလည်း မျက်နှာထားတင်းလို့။ ဂျုံအင်နီးလေးကျတော့
အပြစ်လုပ်ထားသည့်ကျောင်းသားအလား။

" ဂျုံအင်နီး မင်းနဲ့ စီနီယာဆယ်ဟွန်းနဲ့က တွဲနေပြီမဟုတ်လား"

"....."

ချန်းယောလ်ရဲ့အမေးကို ပြန်မဖြေဘဲ ခေါင်းငုံ့နေသည့် ဂျုံအင်နီးလေး

"မင်းက စီနီယာဆယ်ဟွန်းကို မချစ်လို့လား..."

"...."

ဘာသံမှ မထွက်လာသည့်အဆုံး အကုန်လုံးက သက်ပြင်းတွေသာ ချနေကြသည်။

" ချန်းယောလ်မေးမနေပါနဲ့တော့....ဂျုံအင်မှ အကို့ကို ပြန်မချစ်နိုင်တာ..."

စိတ်မကောင်းဖြစ်ဟန် တွေတွေလေးပြောရင်း ထထွက်သွားဖို့ ပြင်နေသည့် စီနီယာဆယ်ဟွန်းကြောင့် ဂျုံအင်နီးမှာလည်း စိတ်မကောင်း။

မိမိလည်း ချစ်နေရသည်မလို့ စီနီယာအား မခံစားစေလို။

"မ...သွားပါနဲ့"

ဆယ်ဟွန်းလှည့်ထွက်သွားမည်ပြုတော့ လှမ်းတားသည့် အသံလေး။

ပြန်ထိုင်လိုက်တော့ ရှေ့ကကောင်လေးက ခေါင်းမော့လာပြီး မျက်နှာလေးက ရဲတွတ်နေလျက်။

" စီနီယာ့ကို ကျွန်တော်ချစ်ပါတယ်လို့"

တိုးတိတ်စွာ ထွက်လာတဲ့ ဝန်ခံစကားကြောင့် ဆယ်ဟွန်းခမျာ ပျော်လွန်းနေပေမဲ့ အပြစ်ပေးချင်တာကြောင့် ခပ်တည်တည်နှင့် မေးခွန်းဆက်မေးလိုက်သည်။

Romantic Boyfriend Where stories live. Discover now