🐣❤️🐻

1.1K 112 9
                                    

(Unicode)

Sehun နှင့် Jongin တို့တွဲလာသည်မှာ 5 နှစ်ထဲပင် ဝင်လာပြီဖြစ်သည်။ ဒီ 5 နှစ်အတွင်း နှစ်ဦးသားမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့်သာ ကုန်ဆုံးခဲ့ပေမဲ့ မိဘတွေရဲ့ တားမြစ်မှုတွေပါ ခံခဲ့ရသည်။

Sehun တို့ အကြောင်းကို Jongin မိဘတွေက စသိတုန်းက နှစ်ယောက်သားမှာ တစ်လကျော်နှစ်လနီးပါး အဆက်အသွယ်ပြတ်တောက်ခဲ့ရပေမဲ့ အကြောတင်း Jongin ပေါက်စရဲ့ သတ်သေပစ်မယ်ဆိုသည့် ခြိမ်းခြောက်မှုနှင့်အတူ Sehun ရဲ့ နေ့စဥ်ရက်ဆက်  အိမ်ရှေ့လာပြီး တောင်းပန်မှုတွေကြောင့် သဘောတူလိုက်ကြသည်ပင်။

Sehun လည်း ဒယ်ဒီ့ကုမ္ပဏီတွင် အလုပ်ဝင်နေပြီဖြစ်သလို Jongin ကလည်း သူဝါသနာပါရာ Programmer ကောင်းတစ်ယောက်ဖြစ်နေပြီ။

အလုပ်ဝင်ရပြီမို့ ကျောင်းတုန်းကလိုတွေ့ရဖို့ မလွယ်ကူတော့ပေမဲ့ Sehun ကတော့ အသည်းအသက်လေးကို တွေ့ဖို့ အလုပ်ပြန်တိုင်း Jonginအိမ်အထိ သွားကာ Date ကြသည်ပင်။

အခုလည်း Sehun က Jongin အခန်းထဲမှာ။

Jongin က Sehun အတွက်ဆိုပြီး မုန့်တွေပြင်ဆင်နေသည်မို့ Sehun က အတိတ်အကြောင်းတွေတွေးရင်း စိတ်ကူးယဥ်နေခြင်း။

Sehun ဘဝမှာ ဒီကောင်လေးကို တွေ့ပြီး ပိုင်ဆိုင်ခွင့်ရတာ ကံအကောင်းဆုံး။

"ကိုကို....မုန့်ရပြီ"

အခုလည်း Sehun အတွေးများနေသည်မို့ အခန်းထဲဝင်လာသည့် ကလေးက အသိလှမ်းပေးခြင်း။

Sehun လည်း မုန့်ပန်းကန်ကို လှမ်းယူပြီး Jongin ကို အနားတွင် ထိုင်စေလိုက်သည်။

"ကိုယ့်ကလေးလေးကို လွမ်းလိုက်တာကွာ..."

ပြောလည်းပြော ခေါင်းလုံးလုံးလေးကို ငုံ့နမ်းလိုက်တော့ အသာငြိမ်ခံနေသည့် ကောင်ကလေးကို မြိုချချင်ပါဘိ။

"Inne လေးက ချစ်ဖို့ကောင်းလိုက်တာ..."

ပြော​လည်းပြောပြီး ဆွဲဆွဲနမ်းနေတဲ့ Sehun ကြောင့် Jongin မှာ နှုတ်ခမ်းပေါက်တော့မည်ပင်။

"တော်...အွန်း..အွန်း...တော်ပြီလို့"

"ကိုကိုက ကြာလေနှာဘူးထလာလေပဲဗျာ..."

Romantic Boyfriend Where stories live. Discover now