🐣❤🐻

1.1K 137 2
                                    

(Unicode)

တစ်ယောက်ထဲ ဝိတ်မတက်လိုသူ ဝူရိဖန် နှင့် အဖြေရသွားသော အိုဆိတ်ဟွမ်❤

ရည်းစားစကားပြောခံရတာကြောင့် ရှက်ရှက်နှင့်ထွက်ပြေးခဲ့သော ဂျုံအင်နီးလေးမှာ အရှက်လွန်ပြီး ဖျားနေသည်မှာ သုံးရက်ပင် ကျော်ပေတော့သည်။

ရင်တုန်ပန်းတုန်ဖြစ်အောင် လုပ်သော စီနီယာအား မြင်ပြီးရှက်စရာမလိုအောင်ပင် စောင်ထဲတွင် ကွေးပြီး အဖျားရှိန်ကြောင့် မျက်နှာနီရဲခဲ့သည့် ဂျုံအင်နီးလေးပါပင်။

အဖျားပျောက်ခါစ ဂျုံအင်နီးလေးမှာ စီနီယာဝူရိဖန်၏ Hot Pot လုပ်ကျွေးမယ်ဆိုသော ဖိတ်ကြားချက်ကြောင့် စီနီယာအိုဆယ်ဟွန်းပါရှိသည့်အိမ်ကို သတ္တိရှိရှိ ရောက်နေခြင်းပေ။

Hot Pot ချက်ဖို ့ဟုခေါ်သော စီနီယာရိဖန်က အသားကင်ဖို့ ပြင်ဆင်မည်ဟုအကြောင်းပြကာ မီးဖိုခန်းထဲတွင် လင်တော်မောင် ချန်းယောလ်လီနှင့် ပလူးတော့မူနေကြလေသည်။

ဂျုံအင်နီးနှင့် စီနီယာဆယ်ဟွန်းသည်သာ အရွက်တွေချွေ အကင်တွေလှီးနှင့် ရှက်ကိုးရှက်ကန်း ပြင်ဆင်နေကြသည်။

ဆယ်ဟွန်းတို့ရဲ့ လေထုက အေးစက်နေသလောက် မီးဖိုခန်းက လင်လင်တို့ရဲ့ လေထုကား နွေးထွေးနေလျက်။

အဖြေတောင်းမည်ဟု ကြံထားသော ဆယ်ဟွန်းခမျာ ရှောင်ပြေးနေသော ဂျုံအင်နီးအား မီးဖိုချောင်အခန်းဝရှေ့တွင် ချောင်ပိတ်ကာ ဖမ်းပစ်တော့ ရင်ခွင်ထဲ ပိတ်မိနေသော အသည်းအသက်လေးက ရူးပစ်ချင်စရာ။

တိုက်တိုက်ဆိုင်ဆိုင် တူနေသော အကျႌဆင်တူလေးကြောင့် ဆယ်ဟွန်း ပြုံးမိသည်မှာ အကြိမ်ကြိမ်အခါခါ။

" ဆယ်ဟွန်း....ဆယ်....အာ...ဆက်လုပ်ကြပါ"

အနှောင့်အယှက်ပေးသော ရိဖန်ကြောင့် ရင်ခွင်ထဲက ဝက်ဝံကလေးက ထွက်ပြေးသွားပြန်ပြီပင်။

"ပြေးထားပေါ့...ကလေးလေးရေ..အဖြေမရရအောင် တောင်းဖို့က ကိုကြီးတာဝန်"

ထိုအခိျန်တွင် ချန်းယောလ်ဘေးမှာ ပုန်းနေသော ဂျုံအင်လေးမှာ နှာချေလျက်။

Romantic Boyfriend Where stories live. Discover now