🐣❤️🐻

1.4K 154 15
                                    

(Unicode)

ကြက်ကြော်တစ်ခု အရင်းပြု ချစ်ခြင်းမေတ္တာ အစပြု❤

ခုတလော ဂျုံအင့်ဖုန်းထဲတွင် unknown number နှင့် message တွေဝင်ဝင်လာသည်။

ဝင်လာသမျှ message တိုင်းက ဂျုံအင့်ကို သဘောကျကြောင်း ပြောထားသလို နေ့တိုင်းလိုလို Good Morning Good Night ဆိုသည်က အချိန်မှန်ပင်။

ဖုန်းခေါ်ကြည့်ပါသော်လည်း မကိုင်ဘဲ ချချပစ်သည်။ဂျုံအင် ပြန်မပို့သော်ငြား ထိုသူကား နေ့စဉ်မပြတ် ပို့သည်။

ဖုန်းခေါ်လျှင် ချပစ်ပြီး ကလေးကို ကြက်ကြော် ဆိုင် မှာ စတွေ့ပြီး ချစ်မိသွားတာပါ....အချိန်တန်ရင် လာတွေ့ပါ့မယ် ဆိုပြီး စာလေးပြန်ပြန်ပို့သည်။

ထို့ကြောင့် ဂျုံအင်နီးသည်လည်း နှစ်ခါလောက် ခေါ်ပြီးကတည်းက ထပ်မခေါ်တော့။

Facebook ပေါ်တွင် လိုချင်သည်ဟု share ထားလျှင် နောက်နေ့တွင် ဂျုံအင့်ခုံပေါ်တွင် ပန်းနုရောင်စာအိတ်လေးနှင့်အတူ ရောက်ပြီးသား ဖြစ်သည်။

ပစ္စည်းတစ်ခုရောက်တိုင်း စာအိတ်လေးကပါစမြဲဖြစ်သလို စာသားလေးကလည်း မပြောင်းလဲဆဲ။

" I Love You ကလေး❤"

အမည်မသိသူကြီးကတော့ ရိုဆန်သလောက် ဂျုံအင်နီးမှာတော့ မျောက်လက်ထဲ အုန်းသီးရသလိုပင် အိမ်ကမားမား မဝယ်ပေးသမျှကို share သည်။

ချန်းယောလ်ကတော့ ဘေးမဲ့ပေးထားသည်ပင်။ဘာမှမပြောပေ။ ဂျုံအင်နီးခုံပေါ်တွင် ရောက်နေတတ်သော သကြားလုံးလေးတွေကိုသာ ယူယူစားသည်။ ဂျုံအင်နီးနဲ့ ရန်ဖြစ်ရမြဲ။

တစ်ဖက်တွင်လည်း Crush အား ချည်းကပ်နည်းဟူ၍ Google ခေါက်ရှာထားသော အိုဆယ်ဟွန်းမှာ ဂျုံအင်နီးဆီစာတိုလေးများပို့ကာ ရိုဆန်စေသလို ဂျုံအင်နီး share သမျှ ပစ္စည်းလေးတွေကို Online shopping များမှ မှာယူကာ Surprise တိုက်နေဆဲ။

ဆယ်ဟွန်း ထိုကဲ့သို့ အကြံရခဲ့သည်ကား ကြက်ကြော်ဆိုင်သွားသည့်နေ့ကပင် ဖြစ်သည်။ ဂျုံအင်နီးဝယ်ကျွေးမည်ဆိုသောကြောင့် တက်ကြွနေသော အိုဆယ်ဟွန်း။

ဆိုင်ရောက်တော့လည်း မှာစရာရှိတာမှာကြပြီး စကားဖောင်ဖွဲ့ကြတော့ ဂျုံအင်နီးနှင့် ချန်းယောလ်တို့မှာ တတွတ်တွတ်နှင့် အလုပ်ရှုပ်နေကြသည်။

Romantic Boyfriend Where stories live. Discover now