(Unicode)
ဝန်ခံမယ် ချစ်နေပြီ❤
" ချန်းယောလ်လီရေ....ဟင့်"
ဆရာထွက်သွားလို့ အိပ်နေပါတယ်ဆိုနေမှ ဘေးနားမှာ မထမချင်း တဂျီဂျီလာလုပ်နေသော ဂျုံအင့်ကြောင့် ချန်းယောလ်ခမျာ ခေါင်းထောင်လာရသည်။
" ဘာဖြစ်တာလဲ ဂျုံအင်နီးရာ..."
အိပ်ချင်မူးတူးဖြစ်နေသော ချန်းယောလ်ရဲ့အမေးကို ပြန်မဖြေဘဲ တိတ်ဆိတ်နေသော ဝက်ဝံပေါက်ကြောင့် ချန်းယောလ်မှာ အိပ်ချင်စိတ်ပျောက်ကာ မျက်လုံးများပင် ကျယ်လာသည်။
ရှေ့က ဝက်ဝံပေါက်ကတော့ မျက်ရည်လေးစမ်းတမ်း စမ်းတမ်းနှင့်။
" ဘာဖြစ်တာလဲ ဂျုံအင်းရ..."
"နေမကောင်းလို့လား...."
"ဟင့်....မဟုတ်"
ချန်းယောလ်ရား ဆိုပြီးဖက်လာတဲ့ ဂျုံအင့်ကြောင့် ချန်းယောလ်မှာလည်း ရင်ခွင်ထဲက ဝက်ဝံလုံးရဲ့ ကျောကို ပုတ်ပုတ်ပြီး ချော့မေးတော့ အသံသေးသေးလေး ထွက်လာသည်။
" ချန်းယောလ်ရား...ငါ့ကိုကယ်ပါဦး..ဟင့်"
"ဘာဖြစ်တာလဲ....ပြော ငါရှိတယ်"
ရှိုက်သံတွေနှင့်အတူ ဗလုံးဗထွေးပြောနေသော ဂျုံအင်နီးအား ချော့မော့မေးနေသော ချန်းယောလ်က ကလေးအမေကြီးအလား။
" ငါလေ စီနီယာဆယ်ဟွန်းကို မြင်တိုင်း ရင်ဘတ်ကြီးက သာမန်ပိုခုန်လာတယ်..."
" အခု စီနီယာကို မမြင်ရတော့ ရင်ဘတ်ကြီးအောင့်ပြီး မျက်ရည်တွေကျနေတယ် ဟင့်"
ချန်းယောလ်ရင်ခွင်ထဲက ဝက်ဝံပေါက်ဆီက ထွက်လာသော စကားများကြောင့် ချန်းယောလ်ခမျာ ရီရအခက် ငိုရအခက်။
"မင်းနဲ့တော့ ခက်ပါ့ ဂျုံအင်နီးရာ"
"ငါ့အထင်တော့ မင်း စီနီယာဆယ်ဟွန်းကို ချစ်နေပြီ"
ချန်းယောလ် ပြောတော့ ရင်ခွင်ထဲကနေ ဆူပုတ်ပုတ်ကြည့်လာသည့် ဂျုံအင်နီးလေး။
" မချစ်ချင်ပါဘူးဆိုနေမှကို ခေါင်းထဲရောက်ရောက်လာတယ်....ဟင့်"