🐣❤️🐻

1.4K 141 14
                                    

Unicode

Single ဝက်ဝံလေး🙄

" အကို....ကျွန်တော်တောင်းပန်ပါတယ်🙁"

Emoji လေးနဲ့အတူ ရိုက်ထားသော စာလေးကိုကြည့်ရင်း Sehun ပြုံးမိသည်။

ခုချိန်တွင် ထိုကလေး၏ မဲ့တဲ့တဲ့မျက်နှာလေးကို မြင်ယောင်ရင်း ပြုံးမိပြန်သည်။

ဒီအတန်းဆင်းရင်တော့ ထိုကလေးအား သွားချော့ဦးမှပါလေ။

တစ်ဖက်တွင်လည်း လင်တော်မောင်စိတ်ကောက်နေသောကြောင့် ဘဲပူမိနေသည့် ဂျုံအင်ခမျာ နေမထိထိုင်မသာ။

တွဲလာသည့်လေးလကျော််အတွင်း အကိုက ဂျုံအင်ဆိုးသမျှကို သည်းခံကာ အလိုလိုက်လွန်းသည်ပင်။

ဟိုတစ်နေ့က မတော်တဆဖြေမိသည့် အဖြေကို အကိုကြားသွားကာ စိတ်ဆိုးသွားခြင်း။

လွန်ခဲ့တဲ့နှစ်ရက်ခန့်က အကို့ကို ထိုင်စောင့်နေသော ဂျုံအင်အနားကို လာရပ်ပြီး မိတ်ဆက်လာသော ခပ်ချောချောအမကြီးကြောင့်ပင်။

အမကြီးက အတော်ချောသည်မို့ ဂျုံအင်ခမျာ သဘောကျမိသည်မှာအမှန်။ အမကြီးက Single လား ဟု မေးသည်ကို Single ပါ ဆိုပြီး ဖြေလိုက်တုန်း အနောက်တွင် စိတ်ဆိုးနေတဲ့အကိုက ဗြုန်းခနဲ ပေါ်လာသည်။

အမကြီးရှေ့တွင် ဂျုံအင့်နှုတ်ခမ်းက နမ်းပစ်ပြီး ဒါက ကျွန်တော့်လက်ထပ်မယ့်ကောင်လေးဗျ။ Single မဟုတ်ဘူး ဆိုကာ အမကြီးအား မျက်မှောင်ကြုတ်ကာ ပြောပလိုက်သည့်အကို။

အမကြီးကတော့ တစ်ခုခုနားလည်သွား န် ပြုံးစစနှင့် လှည့်ထွက်သွားသည်။

ဂျုံအင့်ခမျာ ကမူးရှူးထိုးနှင့် ပြန်ထွက်သွားသောအကို့နောက်ကို လိုက်ကာ ချော့ရတော့သည်။

အကိုကတော့ ထိုနေ့ကတည်းက ဂျုံအင့်ကို ပလစ်ထားရက်သည်။

စီနီယာရိဖန်ပြောပုံအရ အကိုက ထိုနေ့က Soju တွေသောက်ကာ မူးရူးကာ သောင်းကျန်းသည်တဲ့။

ဂျုံအင်လည်း အတော်စိတ်မကောင်းဖြစ်ကာ နောင်တရသည်မို့ အကို့ကိုပြန်ချော့တော့ ဖင်ကောက်သလို စိတ်ကောက်လွန်းသည့် အကိုက ခုထိစိတ်မပြေသေး။
________________________________

Romantic Boyfriend Where stories live. Discover now