🐣❤🐻

1.2K 146 9
                                    

(Unicode)

First Date မှသည် နှစ်တစ်ရာစီ❤

တွဲနေတာ တစ်လမပြည့်သေးပေမဲ့ တစ်ခါမှ မဒိတ်ရသေးတာကြောင့် ဒီတနင်္ဂနွေတွင် ဒိတ်ချင်ပါသည်ဟု တောင်းဆိုလာသော အကို့ကြောင့် ဂျုံအင်ခမျာ အစောကြီးထပြီး ပြင်ဆင်နေခြင်း။

ကုတင်ပေါ်တွင်လည်း အဝတ်များက ပြန့်ကျဲနေသည်မှာ မြင်မကောင်းအောင်ပင်။

အရင်က ချန်းယောလ်အား ပြောခဲ့သမျှ ဂျုံအင့်မှာ ဝဋ်လိုက်နေတော့သည်။

နာရီအချို့ကြာအောင် ရွေးပြီးချိန်မှာတော့ ဂျုံအင်နီးမှာ T-shirt အဖြူလေးကို ဒူးအတိဘောင်းဘီလေးကိုသာ ဝတ်ဆင်လိုက်သည်။

အခန်းပြတင်းပေါက်ကနေ ချောင်းကြည့်တော့ အကို့ကားလေးက အိမ်ရှေ့တွင်ရောက်နေပြီမို့ ဂျုံအင်လည်း အပေါ်ထပ်မှ အပြေးဆင်းလာသည်။

အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာသော ဂျုံအင်နီးကြောင့် မားမားKim ခမျာ အာရုံနောက်နေပြီဖြစ်သည်။

အပေါ်ထပ်က ဂျုံအင်နီးရဲ့ အခန်းတံခါးကို သွားဖွင့်မိပါက မားမားKim သွေးတက်သွားလောက်မည်မှာ အသေအချာပင်။

"အကို...စောင့်ရတာ ကြာသွားလား"

ကားကိုမှီကာ ရပ်စောင့်နေသော ဆယ်ဟွန်းကို မျက်နှာသွေးပြီး မေးလာသည့် ဂျုံအင်နီးလေးရယ်ပါ။

" မကြာသေးပါဘူး...သွားရအောင် ကလေး"

ဆယ်ဟွန်းရဲ့ ကလေးဟု ခေါ်သံအောက်တွင် ရှက်နေဆဲ ဝက်ဝံလေး။

ကားလေးကတော့ ကစားကွင်းကို တရွေ့ရွေ့ဦးတည်လျက်....

ကစားကွင်းကို ရောက်တော့ ဂျုံအင်နီးမှာ မျက်လုံးများက ဘလင်း ဘလင်း နှင့် အရောင်တွေ ထွက်နေပြီဖြစ်သည်။

ဆယ်ဟွန်းရဲ့လက်ကိုဆွဲပြီး ဘီးကုပ်ရောင်းသည့် ဆိုင်ကို ခေါ်သွားကာ ကြောင်နားရွက်ဘီးကုပ်လေးကို တပ်ပေးလာသည့် ဂျုံအင်နီး။

" ဟီး...အကိုနဲ့လိုက်တယ်...တပ်ထားနော်"

ချွဲကာ ဖားကာ ပြောနေသော ဝက်ဝံပေါက်က လုပ်ချင်တာလုပ်ရတော့ ပီတိဖြာလို့

Romantic Boyfriend Where stories live. Discover now