🐣❤️🐻

1.6K 168 10
                                    

(Unicode)

စာမလာ သတင်းမပေးဘဲ ရုပ်ရှင်ရုံရောက်မှ Surprise အဖြစ်တွေ့ရသော ငယ်သူငယ်ချင်းကောင် အိုဆယ်ဟွန်းကြောင့် ရိဖန်မှာ ခေါင်းကြိမ်းရသည်။တရုတ်ကနေ ကျောင်းပြောင်းလာသည်ဆိုဘဲ......

ရုပ်ရှင်ရုံအနားက ကြက်ကြော်ဆိုင်လေးမှာ ဝင်ထိုင်ကြရင်း အကြောင်းစုံမေးနေသော စီနီယာရိဖန် နှင့် အချေရုပ်နှင့်ပြန်ဖြေနေသော အိုဆယ်ဟွန်းတို့ကို ကြည့်ရင်း ချန်းယောလ်နှင့် ဂျုံအင်တို့မှာ ခေါင်းတခါခါ။

" မင်း အိမ်က သိလား ဆယ်ဟွန်း"

"မသိဘူး.....မလာခင်တော့ မင်းကိုသတိရလို့ မင်းနဲ့အတူ ကျောင်းတက်မယ်လို့ စာပို့ထားတယ်"

"မင်းကွာ....အန်တီ့ကို ဖုန်းဆက်လိုက်ဦးမယ်"

စိတ်ညစ်သလို ညည်းရင်း ရိဖန်မှာ ဆယ်ဟွန်း၏အိမ်ကို ဖုန်းဆက်ကာ အကျိုးအကြောင်း ပြောရသည်လေ။
ကိုယ်တော်က ကျောင်းပြောင်းလက်မှတ်တွေနဲ့ ပြင်ဆင်ပြီး လာသည်ကိုး။

ဖုန်းထဲကနေ တရုတ်သံတွေ ထွက်လာတော့ အိုဆယ်ဟွန်းက မျက်နှာမကောင်း။ စီနီယာရိဖန်က အကျိုးအကြောင်း ပြောပြလိုက်မှ ဟိုက စိတ်ချသွားသယောင်
လေသံလျှော့သွားသည်။

" ဖန်ဖန်....အဆင်ပြေရဲ့လား"

ဟိုဘက်က ဖုန်းချသွားတော့မှ သက်ပြင်းချလိုက်တော့ ချန်းယောလ်လေးက စိတ်ပူနေဟန် ။

" ရတယ်....ကလေးရေ "

" ဖန်ဖန် အဆင်ပြေတယ်..."

"ဒါဆို မားမားက လာမခေါ်ဘူးပေါ့"

ပျော်ရွှင်ပီတဖြာနေသော အသံဖြင့် မေးလာသော အိုဆယ်ဟွန်းအား ဂျုံအင်ရယ် ရိဖန်ရယ်က စိတ်လေသည်ဟူသော အကြည့်နှင့် ကြည့်လာသည်။

ဆယ်ဟွန်းအနေနှင့် အချစ်ကိုလည်းတွေ့လိုက်ရသလို ငယ်သူငယ်ချင်းကိုလည်းတွေ့ရတော့ ရုပ်ရှင်ရုံလာပြီး သရဲကားကြည့်ရတာ တန်သွားပြီပင်။

" ရိဖန်...ငါ့ကိုမိတ်ဆက်ပေးပါဦး"

ခပ်တည်တည်နှင့် ဂျုံအင့်ကိုကြည့်ကာ ထပြောသော
အိုဆယ်ဟွန်း.....

Romantic Boyfriend Where stories live. Discover now